မောင်တောမြို့နယ်မှာ မတ်လ ၁၃ ရက်၊ ဒီနေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ရွှေဇားအနောက်ရွာက အသက်ဆယ့်ရှစ်နှစ်အရွယ် မာမောက်ယာဆိမ့်မှာဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားသလို မိုင်းစထိမှန်ပြီး ဘယ်ဖက်မျက်လုံးတဖက်လည်းကွယ်သွားတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီမာမောက်ယာဆိမ့်ဟာ ဒီနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ငါးရှာဖို့သွားရင်းနဲ့ စစ်ကောင်စီတပ်တောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီငါးရှာသွားရာမှာ မာမောက်ယာဆိမ့်နဲ့အဲဒီကျေးရွာက မာမောက်ဂျူဘိုရ်၊ ကာယာစ်၊ ယာရ်အမတ်၊ ရှော်ဘုလ်ကာလောမ်၊ ခေါ်ယောနူရ်နဲ့မာမောက်တူဆောင်းဟာရွာအနောက်ဖက်မှာရှိတဲ့ ရွာခြံစည်းရိုးအနားမှာ မြေမြုပ်မိုင်းနင်းမိတာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီမာမောက်ယာဆိမ့်မာဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်တခုလုံးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခတပ်တော်က မိုင်းရှင်းရေးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတ ယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံအရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံ ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံ တွေ့နေကြရတယ်လို့လည်း မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရသေးတာမို့ အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့၊ လသာရပ်ကွက်၊ ရွှေဇား၊ ရွှေဇား(ဂုံးနား)၊ အီတာလျာ၊ ကမ်းပိုင်းနား၊ ကပ်ဘေး၊ စေတီပြင်စတဲ့ ကျေးရွာတွေမှာ ဖေဖော်ဝါရီလဒုတိယအပတ်ကစပြီး အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းရှင်းလင်းရေးလုပ်နေတဲ့အချိန် လူနေအိမ်ခြံဝန်းတွေနဲ့ လမ်းဘေးဝဲယာတွေမှာစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းသုံးဆယ်ကျော်ကို အာရက္ခတပ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။