တောင်ကုတ်မှာ မြေမြုပ်မိုင်းမိလို့ အမျိုးသားတဦး ဒဏ်ရာရ

By

Border News Agency
တောင်ကုတ်၊ ဇွန် ၂၇။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်မှာ ဇွန် ၂၆ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားပါတယ်။

အဲဒီတောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာ ၁ လမ်းနေအသက်လေးဆယ်ငါးနှစ်အရွယ် ဦးသိန်းဝင်းမှာခန္တကိုယ်အနှံ့ ဒဏ်ရာပြင်းရသွားပါတယ်။

သူဟာ မနေ့ည ၂ နာရီအချိန်ခန့်က ပန်းတောင်း-တောင်ကုတ်လမ်းမကြီး၊ ဘိုးဘွားရိပ်သာရှိ၊တပ်မအနီးရှိလယ်ထဲမှာ မြေမြုပ်မိုင်းနင်းမိခဲ့တာလို့ မြို့ခံတွေကဆိုကြပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ဦးသိန်းဝ င်းရဲ့ဘယ်ဖက်ပခုံး၊လိုင်ပင်း၊ညာဖက်ရင်အုံ၊ညာဖက်လက်မ၊ညာမျက်ခုံးနဲ့ ညာဖက်ပါးတွေမှာ ဒဏ်ရာရသွားတာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေလုပ် ဆောင်နေပေမယ့် အရပ်သားပြည်သူတွေ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာ ခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အရပ်သားပြည်သူတွေဟာစားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေလည်း ကြုံတွေ့နေကြရတ ယ်လို့ ဆိုကြပါတယ်။

အာရက္ခဒေသက အရပ်သားပြည်သူတွေဟာ နေအိမ်ခြံဝန်းတွေ၊နေအိမ်တွေ ၊လူသွားလူလာလမ်းမတွေ၊မြို့၊ကျေး ရွာအနီးက တောတောင်တွေမှာစားဝတ် နေရေးအတွက်ရုန်းကန်နေရချိန်မှာမြေ
မြုပ်မိုင်းနင်းမိလို့ သေဆုံးဒဏ်ရာရနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ​အာရက္ခတပ်တော်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here