Border News Agency
အမ်း၊ ဇူလိုင် ၁။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ စစ်ကော င်စီတပ်မမှူးဆယ်ဦးထိဆုံးရှုံးခဲ့တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ် ရှားမှုသူ(CDM)တပ်မတော်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာလုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (M DSI)မှ ဇွန်လ ၃၀ ရက်မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီစစ်ပွဲဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မမှူးတွေထိသေဆုံး၊ ပျောက်ဆုံး၊ ဖမ်းဆီးခံထားကြရတာဖြစ်ပါတယ်။
အဲဒီအထဲမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ထွန်းထွန်းဝင်း၊မိုင်းပန်အခြေစိုက်၊ အမှတ်၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်မှူးချုပ်ရဲကျော်သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်တပ်မမှူးလေးဦးပျောက်ဆုံးနေသလို တပ်မမှူးလေးဦးဟာလည်းစ စ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားကြရတာမို့ စုစုပေါင်းဆယ်ဦးဖြစ်တယ်လို့ဆိုပါတယ်။
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ထွန်းထွန်းဝင်းဟာ အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ သေဆုံးခဲ့တာဖြစ်သလို ဗိုလ်မှူးချုပ်ရဲကျော်ကတော့ မောင်တောမြို့သိမ်းတိုက်ပွဲမှာ သေဆုံးခဲ့တာလို့ ဖော်ပြပါတယ်။
အဲဒီအထဲကဗိုလ်မှူးချုပ်ရဲကျော်ကိုစစ်ကောင်စီမှ ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့က ဗိုလ်ချုပ်အဆင့်တိုးမြှင့်ပြီး စစ်မှု ထမ်းကောင်းတံဆိပ်ချီးမြှင့်ခဲ့ပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ – ၁၀၁ မှူး ဗိုလ်မှူးချုပ်မြင့်ရွှေကတော့ သံတွဲမြို့သိ မ်းတိုက်ပွဲမှာ ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အာရက္ခတိုက်ပွဲမှာ စစ်ကောင်စီတပ်မမှူးတွေ သေဆုံး၊ပျောက်ဆုံးနေတာတွေကို စစ်ကောင်စီတပ်ထုတ်ပြန်တာမရှိသလို အာရက္ခတပ်တော်(AA)ကလည်း မထုတ်ပြန်သေးပါဘူး။
အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝ င် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထားပြီးကျောက်ဖြူ၊စစ်တွေ၊မာ န်အောင် သုံးမြို့နယ်သာ သိမ်းပိုက်ဖို့ကျန်နေပါတယ်။