Border News Agency
နောင်ချို၊ ဇူလိုင် ၁။
နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ တအောင်းတပ်မတော်က ဇူလိုင်လ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ သုံးဆယ်ကျေးရွာကို လေကြောင်းကနေ ဗုံးဆယ့်တလုံးထိကြဲချခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဗုံးပေါက်ကွဲလို့ အရပ်သားသုံးဦးသေဆုံးသွားပြီးတဦးဒဏ်ရာရသွားသလို နေအိမ်နှစ်လုံးအပါအဝင် ဘုန်းကြီးကျောင်းနှစ်ကျောင်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပေါင်နှစ်ရာ့ငါးဆယ်ဗုံးခြောက်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားလေးဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်ဆယ့်လေးလုံး စာ သင်ကျောင်း တကျောင်း၊ဘုန်းကြီး ကျောင်းနှစ်ကျောင်းလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တွေကို ရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။