Border News Agency
သီပေါ၊ ဇူလိုင် ၅ ။
၊သီပေါမြို့ကို ဇူလိုင်လ ၄ ရက်၊မနေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အဆောက်အအုံတချို့ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော်က ဇူလိုင်လ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးနှစ်လုံးပစ်ခတ်ခဲ့လို့ မြို့တွင်းရှိပြည်သူ့ဆေးရုံခွဲစိတ်ဆောင်၊စည်ပင်အဆော က်အအုံငါးလုံး၊နေအိမ်ရှစ်လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်မန်လီကျေးရွာကို ဇွန်လ ၁၂ ရက်နေ့က ပေါင်ငါးရာဗုံးနှစ်လုံးပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်အချို့ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့နယ်ကို ပြီးခဲ့တဲ့ဇွန်လအ တွင်း စစ်ကောင်စီတပ်ကြောင်းတိုက် ခိုက်လို့ကလေးငယ်နှစ်ဦးအပါအဝင်အရပ်သားနှစ်ဆယ့်နှစ်ဦးဒဏ်ရာရသွားပြီးငါးဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်ခြောက်ဆယ့်ငါးလုံး၊ စာသင်ကျောင်းသုံးကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်းလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြ ည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။