အင်တာဗျူး
Border News Agency
မောင်တော၊သြဂုတ် ၈။
မောင်တောမြို့နယ်က မြိုလူမျိုးတွေ ဟာ တော၊ တောင်တွေကို မှီခိုအသက် မွေးဝမ်းကျောင်းပြုနေကြရပြီးမြေမြု ပ်မိုင်းအန္တရာယ်ကြောင့် တောတောင်တွေကို မသွားရဲကြဘူးလို့ ဆိုကြပါတ ယ်။
အဲဒီတောတောင်တွေမှာ ရိုဟင်ဂျာအမ ည်ခံအကြမ်းဖက်သမားတွေရဲ့အန္တရာ ယ်ရှိနေလို့ အာရက္ခတပ်တော်ကလည်း မသွားကြဖို့ အသိပေးထားသလို စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မိုင်းတွေကိုလည်း မရှင်းလင်းရသေးဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် တောတောင်ကိုမှီခိုပြီးစားဝတ်နေရေးဖြေရှင်းနေကြရသူတွေမို့ စားဝတ်နေရေးအခက်အခဲတွေ အများကြီးရှိနေကြတယ်လို့ ဆိုကြပါတယ်။
မောင်တောမြို့နယ်၊ သီဟိုဠ်အေးကျေးရွာက မြိုအမျိုးသမီးတဦးကို Border News Agency က တွေ့ဆုံမေးမြန်ထားပါတယ်။
“အခက်အခဲကတော့ အများကြီးရှိပါတ ယ်။မျှစ်ခူးရောင်းပါတယ်။ခုက တောထဲကိုသွားလို့လည်းမရပါဘူး။ခုက တောတောင်တွေကိုရှင်းနေကြပါတယ်။
အေအေတွေ၊ကိုယ့်လူတွေက အန္တရာယ်ရှိလို့ တောထဲကိုမသွားခိုင်းပါဘူး။အဲဒါကြောင့် အခက်အခဲတွေကတော့ အ များကြီးရှိပါတယ်။”
“ရောင်းလို့ချလို့လည်းအဆင်မပြေပါဘူး။မျှစ်က တရက်မှာသုံးသိုက်၊လေးသိုက်လောက်ပဲရပါတယ်။တရက်စာတရက်ရှာစားနေရတာဆိုတော့ အဲဒါကအဆင်မပြေပါဘူး။”
“ခရုကောက်ပါတယ်။တရက်မှာ နှစ်သို က်၊သုံးသိုက်ရပါတယ်။ခုက တောထဲမသွားရတော့ အခက်အခဲတွေအများကြီးရှိပါတယ်။”
“နည်းနည်းပါးပါးအဆင်ပြေပါတယ်။သူတို့က ကျမတို့အခက်အခဲဖြစ်လို့ ကူညီတာကိုကျေးဇူးလည်းတင်ပါတ ယ်။ပိုက်ဆံတွေ၊ဆန်တွေ၊ဆီတွေ နည်းနည်းပေးပါတယ်။ခုတော့ မပေးလာသေးပါဘူး။ဒီနေ့လည်း ကယ်ဆယ်ရေးပေးလာပါတယ်။တယောက်ကို သုံးသောင်းခွဲရပါတယ်။”
“တောထဲမသွားရတာနှစ်လလောက်ရှိပါပြီ။အေအေကလာလို့အသိပေးလာပါတယ်။တောထဲမှာ အာဆာတွေ၊မိုင်းတွေရှိတယ်ဆိုပြီးတော့။အဲဒါကြောင့် တောရှင်းလင်းရေးလုပ်နေတယ်ဆိုပြီးတော့ပါ။”