မောင်တူရေးသည်။

၄။ ဆိုရှယ်ဒီမိုကရေစီနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခွင့်အရေးနှင့် ထောက်ပံအတည်ပြုခံရသောအခွင့်အရေး (Constitutional Rights and Affirmative Rights)

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခွင့်အရေးသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လုံးဝအထိအခိုက်မခံနိုင်သော အခွင့်အရေးဖြစ်ပေသည်။

ထောက်ပံအတည်ပြုခံရသောအခွင့်အရေးဆိုသည်မှာ အစိုးရမှနစ်နာသည်ဟုထင်မြင်လာသောအချိန်အခါမျိုးတွင်မှ ထိခိုက်နစ်နာသောအုပ်စုအပေါ် ပြန်လည်ကုစားရန်အတွက် အသိအမှတ်ပြုထောက်ပံအတည်ပြုပေးသည့်သဘောဖြစ်ပေသည်။

အထက်တွင်ဖေါ်ပြခဲ့သောစံနှုန်းများကို ဆိုရှယ်ဒီမိုကရေစီတွင် ကျင့်သုံးရာတွင် ဒီမိုကရေစီအနှစ်သာရ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ လူဂု ဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး စသည့်အချက်များကို ထိခိုက်စေ၍ မရပေ။

ဥပမာ – တရုတ်ပြည်သည် အစိုးရမှဝင်ရောက်စွက်ဖက်မှုကြီးမားသော (Walf are State) ပုံစံကို ကျင့်သုံးပေသည်။ အရင်းရှင်ဈေးကွက်စီးပွားရေးစနစ်နှင့် အစိုးရမှလူမှုစီးပွားရေးနယ်ပါယ်ထိဝင်ရောက်စွက်ဖက်သော တပါတီစနစ်ကိုကျင့်သုံးပေသည်။

စီးပွားရေးတွင်တိုးတက်သော်လည်း လူသားဖြစ်တည်မှု အနှစ်သာရလွတ်လပ်ခွင့်တွင် တရုတ်သည်အဆင့်အတန်းမရှိပေ။

အထက်တွင်ဖေါ်ပြထားသောပါဝင်ပတ်သက်ခွင့်ရ ဒီမိုကရေစီလိုမျိုးစံနှုန်းမျိုး တရုတ်တွင်မရှိချေ။

ဤသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများအား(Affirmative Rights) အဖြစ်သာရှူမြင်နေ၍ ဖြစ်သည်။ (Affirmative Rights) အဖြစ်ရှုမြင်နေ၍ တရုတ်ပြည်တွင် ဒီမိုကရေစီသည် တပါတီကွန်မြူနစ်ပါတီကပေးမှသာရမည့်သဘောဖြစ်ပေသည်။

စကင်ဒီနေဗီယန်းနိုင်များတွင် တရုတ်လိုမျိုး လူမှုစီးပွားရေးနယ်ပါယ်တွင်အစိုးရက ဝင်ရောက်စွက်ဖက်သော်လည်း ဒီမိုကရေစီအနှစ်သာရ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု၊ လူဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခွင့်အရေးအဖြစ်သတ်မှတ်ထားသည်။

အစိုးရပေးမှသာရမည့်အခွင့်အရေးများမဟုတ်ဘဲ မူလဘူတအခွင့်အရေးအဖြစ်အသိအမှတ်ပြုထားပေသည်။

ဆိုရှယ်ဒီမိုကရေစီ၏အနှစ်သာရတွင် လက်ဝဲ၊ လက်ယာတဖက်စွန်းမှကင်းလွတ်မှု၊ လက်ဝဲဝါဒနှင့် လက်ယာဝါဒကြားတွင်ရှိမှုစသည့်အချက်ပါလည်းပါဝင်ပေသည်။

ဆိုရှယ်ဒီမိုကရေစီအားသူ့နေရာသူ့စရိုက် သူ့အလေ့အထနှင့် သူလူ့အခွင့်အရေး၊ ဒီမိုကေရစီ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေး၊ လူသားဂုဏ်သိက္ခာစသည့်အချက်များကို ပိုမို၍အာမခံပေးသည့် ပုံစံမျိုးတည်ဆောက်နိုင်ပါက ကောင်းမွန်ပေသည်။

လူမှုစီးပွားဘဝအပေါ် အစိုးရမှထောက်ပံ့ကူညီဖြည့်တင်းမှုပေးသော(Welfare State) သို့မဟုတ် (Welfare Oriented State) ဖြစ်လာရန်အတွက် အဆိုပါလူ့အခွင့်အရေး၊ ဒီမိုကရေစီ၊တရားမျှတမှု၊ တန်းတူညီမျှမှု၊လူနည်းစုအခွင့်အရေး၊ လူသားဂုဏ်သိက္ခာများကို မျက်ကွယ်ပြုထိခိုက်စေပါက ဆိုရှယ်ဒီမိုကရေစီသည်လည်း အန္တရာယ်များပေသည်။

ဆိုရှယ်ဒီမိုကရေစီသည် အုပ်ချုပ်ရေးဆိုင်ရာမူဝါဒစနစ်တစ်ခုသာဖြစ်သည်။ စနစ်နခုမူဝါဒတခုဖြစ်၍ ပြည်သူလူထုတွင် ကြိုက်၏/မကြိုက်၏ကိုရွေးချယ်ခွင့်ရှိပေသည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေး၊ လူသားဂုဏ်သိက္ခာစသည့်အချက်များသည် ကြိုက်သည်ဖြစ်စေ/မကြိုက်သည်ဖြစ်စေ လူသားတိုင်းအတွက် အထိအခိုက်ခံ၍မရသော မူလဘူတအခွင့်အရေးများဖြစ်သည်။

ထိုမူလဘူတအခွင့်အရေးများ ပိုမိုပီပြင်လာစေရန်အတွက်အချို့နိုင်ငံများက လက်ဘရယ် ဒီမိုကရေစီပုံစံဖြင့်သွားကြသည်။ အချို့နိုင်ငံများက ဆိုရှယ်ဒီမိုကရေစီ၊ အချို့နိုင်ငံများက တပါတီစနစ်၊ အချို့နိုင်ငံများက ကွန်မြူနစ်၊ အချို့ကဆိုရှယ်လစ်စသဖြင့် ပုံစံအမျိုးမျိုးဖြင့်သွားကြသည်။ ဆိုလိုချင်သည်မှာ စနစ်၊ မူဝါဒနှင့်မူလဘူတအခွင့်အရေး ကိုကွဲကွဲပြားပြား နားလည်စေရန်ဖြစ်သည်။

မူလဘူတ အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ဖြင့် အာမခံချက်ပေးထားရသည်။ သို့ဖြစ်၍ဖွဲ့စည်း ပုံအခြေခံဥပဒေတရပ်သည် လိုအပ်ပေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစံနှုန်းထဲမှ ဆိုရှယ်ဒီမိုကရေစီကို အကောင်အထည်ဖေါ်နိုင်မှသာ အဆင်ပြေမည်ဖြစ်ပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here