Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

မင်းထီးမျိုးဆက်များသာ ဖြစ်စေချင် …

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
16
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဧပြီ ၃၀။

“အာဏာအလွှဲသုံးစားမှုနဲ့အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော်တို့တိုင်းပြည်နဲ့လူ့အဖွဲ့အစည်းအနာဂတ်အတွက် ထူ ထောင်ရေးလုပ်နေချိန်မှာလုံး၀လက်ခံလို့မရတဲ့ကင်ဆာရောဂါလို သတ်မှတ်ပြီးတော့ ကာကွယ်တားဆီးရမှာဖြစ်ပါတယ်။” ဟု အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောသည်။

ယခုအချိန်သည် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသဖြင့် ထိုကိစ္စမှာ အလွန်အရေးကြီးပေသည်။

အာရက္ခပြည်တည်ဆောက်ရေးကာလတွင် အာရက္ခပြည်သူ့တော်လှန်ရေးအ စိုးရလက်အောက်ရှိအဖွဲ့အစည်းများ၌ အာဏာကိုအလွဲသုံးစားလုပ်တတ်သူ များနှင့်အကျင့်ပျက်ခြစားသူများရှိနေလျှင် ထောက်ခံမှုကျဆင်းလာမည်မှာ အမှန်ပင်ဖြစ်သည်။

ထို့ကြောင့် အထက်ပါစကားအားသတ င်းနှင့်ပြန်ကြားရေးတာဝန်ခံမှ သတိပေးလိုက်ခြင်းဖြစ်ပေမည်။

လူ့အဖွဲ့အစည်းတွင် လူကောင်းများသာရှိပြီး လူဆိုးများလုံးဝမရှိဟု သတ်မှတ်ည၍မရချေ။ လူအမျိုးမျိုး၊စိတ်ဖုံဖုံပင်ဖြစ်သည်။ အချို့ဆိုလျှင် အာဏာမရှိသည့်အချိန်၌ရိုးသားပြီး အာဏာရှိသည့်အချိန်တွင် မိုက်မဲမှုပြုတတ်ကြသည်။ စရိုက်ကြမ်းသူရှိနိုင်သလို သိမ်မွေ့သူလည်းရှိမည်။ အချို့ကလည်း ငွေကြေးမချမ်းသာသည့်အချိန်တွင် သနားစရာကောင်းပြီး ငွေးကြေးချမ်းသာလာသောအခါ လူကိုလူမထင် ဂုဏ်မောက်တတ်ကြသည်။

ထိုသို့ဖြစ်ရခြင်းသည် မိမိတို့၏စိတ်ကို ထိန်းချုပ်မှုကင်းမဲ့ခြင်းနှင့်အောက်ခြေ လွတ်သည့်ဗီဇရှိခြင်းကြောင့်ဖြစ်သည် ။လူတဦးအနေဖြင့် မည်သည့်အလုပ်ကိုပင်လုပ်သည်ဖြစ်စေ ကိုယ့်ကောင်းကျိုးထက် အများကောင်းကျိုးကို ကြည့်လုပ်ရပေမည်။

လူထုထောက်ခံမှုကို အများဆုံးရရှိထားသောအဖွဲ့အစည်းတွင် အလုပ်လုပ်သူများအနေဖြင့် ပို၍သတိထားသင့်ပေသည်။

လူ့အဖွဲ့အစည်းတွင် အတ္တစိတ်ရှိသူထ က်ပရစိတ်ရှိသူများများပြားရန်လိုအပ်ပေသည်။ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အမှန်တရားကို မြတ်နိုးသူများဦးဆော င်မှ ထိုလူ့အဖွဲ့အစည်းတိုးတက်ပြီး လူထုထောက်ခံမှု ပိုရရှိပေမည်။

၂၀၂၁ ခုနှစ်၊ဩဂုတ်လ ၁ ရက်နေ့တွင် ရခိုင်ပြည်အတွင်း မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများနှင့် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မှုခင်းများအားလုံးကို ရက္ခိုင်အမျိုး သားအဖွဲချုပ်(ULA) ထံတိုင်ကြားနိုင်ကြောင့် ရက္ခိုင့်အမျိုးသားအဖွဲချုပ်က တရားဝင်ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်နောက်ပိုင်းတွင် ဒေ သခံပြည်သူများအနေဖြင့် စစ်ကောင်စီထံတွင် အမှုများတိုင်ကြားခြင်း အလွန်နည်းပါးလာခဲ့ကြသည်ဟု အာရက္ခပြည်သူများက ဆိုကြသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေ ဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရ၏တရားရေးဌာနကို အားကိုးလာကြသည့်အချိန်တွင် ”ကျားကြောက်၍ရှင်ကြီးကိုး၊ရှင်ကြီးကျားထက်ဆိုး” အဖြစ်မျိုးမဖြစ်စေရန် အထူးသတိထားသင့်ပေသည်။

သို့သော်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏အောက်ခြေဝန်ထမ်းအချို့အာဏာအလွဲသုံးစားလုပ်ကာ အနိုင်ကျင့်မှု၊ တရားစီရင်ရေးပိုင်းတွင် အကျင့်ပျက်ခြစားကာ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင့် ဝေဖန်ပြောဆိုမှုများရှိကြသည်။

ထိုသူများအား စီစစ်ဖော်ထုတ်အပြစ် ပေးအရေးယူမှုများရှိနေသည်ဟုလည်း ULA/AA မှ တရားဝင်ထုတ်ဖော်ပြောဆိုမှုရှိသည်။

လူတဦးအနေဖြင့် လူထုထောက်ခံမှု အများဆုံးရရှိထားသောအဖွဲ့အစည်းမှာပင်ဖြစ်ဖြစ်၊ပရဟိတအဖွဲ့အစည်းငယ်များမှာပင်ဖြစ်ဖြစ်၊ မိသားစုပတ်ဝန်း ကျင်မှာပင်ဖြစ်ဖြစ် ယုံကြည်အားထား အများကလေးစားပြီး လူသေသွားသော်လည်း အမည်နာမမသေရန် လုပ်ဆောင်သင့်ပေသည်။ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ရသည့်အဖြစ်မျိုးမဖြစ်စေရန် အထူးသတိထားသင့်ပေသည်။

လူတိုင်းသည် မိမိတို့၏သမိုင်းကို မိမိတို့ကိုယ်တိုင်ရေးသားကြရခြင်းဖြစ်ပေသည်။ ထိုသို့ရေးသားကြသောအခါ မိ မိ၏သမိုင်းကို လူတိုင်းမကြားချင်လော က်အောင်မရေးမိရန် သတိထားသင့်ပေသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ရခိုင်သမိုင်းထဲတွင် အသက်အငယ်ဆုံး ဘုရင်နှစ်ပါးနှင့်ဥပမာပြချင်သည်။ တပါးမှာ အသက်ခုနှစ်နှစ်အရွယ်လောင်းကြက်ဘုရင်မင်းထီးဖြစ်ပြီး နောက်တပါးမှာ အသ က်ကိုးနှစ်အရွယ်၊မြောက်ဦးဘုရင်မင်းရန်အောင် ဖြစ်သည်။

ဘုရင်မင်းထီးသည် လေးမြို့ခေတ်တွင် ထင်ရှားသော ဘုရင်တပါးဖြစ်သည်။ ခမည်းတော်မင်းဘီလူး နတ်ရွာစံပြီးနောက်လောင်းကြက်ထီးနန်းတွင် မင်းဖြစ်လာခဲ့သည်။အသက်အရွယ်ငယ်သော်လည်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ဆယ်ပါးသီလကို မြဲစွာစောင့်ထိန်းသည်။ ဖခမည်းတော် လက်ထက်ကပျက် စီးယိုယွင်းခဲ့သော တိုင်းပြည်အား ဦးရီးတော်အမတ်အနန္ဒဘယနှင့်အတူ ပြန်လည်ထူထောင်ရန် ကြိုးစားခဲ့သည်။

တနေ့ ညီလာခံသဘင်၌ နန်းတိုင်တလုံးတွင် ထုံးများပယ်ကျံနေသည်ကို တွေ့ခဲ့သည်။ ထိုအခါ နန်းတိုင်၌ ထုံးသုတ်လျှင်သုတ်သောသူ၏ လက်ညိုးအားဖြတ်မည်ဟု အမိန့်ထုတ်ခဲ့သည်။နောက်တ ရက်နေ့ ညီလာခံသဘင်တွင် ထိုနန်းတို င်၌ ထုံးသုတ်ရာတခုကို တွေ့ခဲ့သည်။အဘယ်သူသုတ်ခဲ့သနည်းဟု အမတ်များအားမေးမြန်းသောအခါ မှန်သောအရာကို ရဲဝံ့စွာလျှောက်တင်ဝံ့သော အ မတ်တဦးမှ မည်သည့်လ၊မည်သည့်ရ က်၊မည်သည့်အချိန်တွင် ဘုရင်မင်းထီးမှမည်ကဲ့သို့ သုတ်ခဲ့ကြောင့် မှတ်တမ်းမှတ်ရာနှင့်တကွ လျှောက်တင်လေသ ည်။

ထိုအခါ သူထုတ်ပြန်ခဲ့သော အမိန့်ကိုသူ့လက်ညိုးမှ ဖီဆန်သောကြောင့် သူလက်ညိုးအား ထိုညီလာခံသဘင်၌ပင် သံလျက်ဓါးဖြင့် ပိုင်းဖြတ်ခဲ့လေသည်။

ထိုအပြုအမူကို တွေ့ရသောသူတို့မှာ လွန်စွာအံ့သြကြပြီး ဘုရင်၏အမိန့်ကို ဆန့်ကျင်ရန် စိုးရွံ့လာခဲ့ကြသည်။ဘုရင်မင်းထီးသည် မိမိ၏တိုင်းသူပြည်သားများအား စည်းကမ်းလိုက်နာတတ်သော လူအဖွဲ့အစည်းတခုဖြစ်လာရန် လက်ညိုးတချောင်းအဆုံးခံပေးဆပ်ခဲ့သည်။

နောက်ထပ်အမိန့်ပြန်တမ်းများကိုထုတ်ပြီး ဖခင်လက်ထက်မှ ပျက်စီးနေခဲ့သော ရခိုင်လူမျိုးများအား ကယ်တင်နိုင်ခဲ့ပြီး ဥပဒေအထက်မှာ မည်သူမျှ မရှိစေရဆိုသောစကားသည် ထိုမင်းလ က်ထက်တွင် အမှန်အသက်ဝင်ခဲ့သည်။

တိုင်းပြည်အေးချမ်းသာယာပြီးဖွံဖြိုးတိုးတက်ရန် တရားဥပဒေစိုးမိုးရေးသည် အဓိကကျကြောင်းကို ပြသခဲ့သည်။

ထို့ကြောင့် ဘုရင်မင်းထီးအုပ်ချုပ်ခဲ့သော တိုင်းပြည်သည် စည်ပင်သာယာခဲ့လေသည်။ ဤကားဘုရင်မင်းထီးနှင့်ပတ်သတ်သော အကြောင်းအရာအချို့ပင် ဖြစ်ပါသည်။

ဘုရင်မင်းရန်အောင်သည် မြောက်ဦးခေတ်ဘုရင်မင်းဒေါလျာ၏ သားတော်တပါးဖြစ်သည်။

ထိုမင်းသည် ဘုရင်ဖြစ်လာခဲ့သော် လည်း တိုင်းပြည်ရေးရာကို စီမံခန့်ခွဲအုပ်ချုပ်ရန် မတတ်ခဲ့ချေ။ အချိန်ရှိသရွေ့ကခြေသည်မိန်းမများနှင့်ပျော်ရွှင်မြူးတူးနေလေသည်။

မိမိ၏တိုင်းသူပြည်သားအပေါ် စောင့် ရှောက်ဂရုစိုက်မှုမရှိသော ဘုရင်အားပြည်သူပြည်သားများမှ အလိုမရှိကြသည်မှာ သဘာဝပင်ဖြစ်သည်။

တနေ့တွင် အသက်အရွယ်ကြီးရင့်သော အမတ်ကြီးတဦးသည် ဘုရင်၏ရှေ့ခစားဝင်ရောက်လာသည်။

ထိုအချိန်တွင် ထိုအမတ်အိုကြီးသည် ကရိယာပုတ်ကို မထိန်းချုပ်နိုင်သဖြင့် ဘုရင်၏ရှေ့တွင် ကျင်ငယ်သွားမိလေသည်။

ထိုအခါ မင်းရန်အောင်မှ ငါ၏ရှေ့တွင် ဤသို့မလေးမခန့်လုပ်ရသလားဟုဆိုကာ အမျက်ဒေါသထွက်လေသည်။

ဆင်ခြင်တုံတရားနည်းပြီး ဉာဏ်အ မြော်အမြင်နည်းသော မင်းရန်အောင်သည် ထိုအမတ်သက်တော်ကြီးကို ရေ တွင်းထဲနစ်မြှပ်လျက် သတ်ပစ်လေသ ည်။

ဤမင်းသည် တိုင်းသူပြည်သားတို့၏ ကောင်းကျိုးကိုလည်း မလုပ်သည့်အပြင် တိုင်းပြည်အတွက် အားထားရသော အမတ်ကိုပင်သတ်ခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် ဘုရင်မင်းရန်အောင်သည် မှူးမတ်အပေါင်းတို့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး ဘဝနိဂုံး ချုပ်ခဲ့ရလေသည်။

ဤကား ဘုရင်မင်းရန်အောင်နှင့်ပတ်သတ်သောအကြောင်းအရာအချို့ပင် ဖြစ်သည်။

မင်းနှစ်ပါးသည် အသက်အရွယ်အား ဖြင့် ငယ်ရွယ်သူများဖြစ်ကြသည်။သို့ သော် သူတို့နှစ်ဦး၏ခံယူချက်နှင့်လုပ် ဆောင်ချက်တို့မှာ လွန်စွာကွဲပြားခြားနားလေသည်။

ဘုရင်မင်းထီး၌ လေးစားအားကျအတု ယူစရာခေါင်းဆောင်ကောင်း စိတ်ဓါတ်ကိုတွေ့ရသည်။လူမျိုးတမျိုး၏အကြီး အကဲနေရာကို ရောက်လာသောအခါ အားလုံးအတုယူလေးစားလောက်အော င် သီလသမာဓိနှင့်ကျင့်ကြံနေထိုင်ခဲ့သ ည်ကို တွေ့ရသည်။

အချိန်ရှိသရွေ့ မိမိတို့လူမျိုးအား စည်း ကမ်းပြည့်ဝပြီး ဥပဒေကိုလိုက်နာတတ်သောလူအဖွဲ့အစည်းဖြစ်လာရန်နှင့်ကို ယ့်တိုင်းပြည်တိုးတက်စည်ပင်သာယာရန် ကိုယ်ကျိုးစွန့်ကာ ပြုလုပ်ခဲ့သည်။

အကျင့်စာရိတ္တကောင်းမွန်ပြီး တိုင်းပြ ည်နှင့်လူမျိုးကို ချစ်သောဘုရင်ဖြစ်သောကြောင့် တမျိုးသားလုံးက လေး စားခဲ့ကြသည်။

သူ့သမိုင်းကို သူလှလှပပရေးထိုးနိုင်ခဲ့သောကြောင့် ယခုအချိန်ထိ ရခိုင်လူ မျိုးတို့ရင်ထဲဘုရင်မင်းထီးက ရှိနေဆဲပင်ဖြစ်သည်။

တရားဥပဒေစိုးမိုးမှုအားနည်းသော အ ဖြစ်အပျက်များကိုကြုံရတိုင်း မင်းထီးလိုဘုရင်မျိုးကို လိုလားတောင်းတသတိရကြလေသည်။

ဘုရင်မင်းရန်အောင်မှာမူ ထိုသို့မဟုတ်ဘဲ အာဏာယစ်မူးပြီး တိုင်းပြည်နှင့်လူ မျိုးကို မချစ်အလေးမထားသောခေါင်း ဆောင်တဦးဖြစ်ခဲ့သည်။အာဏာကို တ လွဲအသုံးချခဲ့ပြီး စဉ်းစားဆင်ခြင်းဥာ ဏ်နည်းခဲ့သည်။

ဘုရင်မင်းထီး၏ လုပ်ရပ်များနှင့် ပြော င်းပြန်သဘောရှိသည်။ ကိုယ့်သမိုင်းကို လှပအောင် မရေးထိုးနိုင်ခဲ့သောကြောင့် မင်းရန်အောင်သမိုင်းသည် ရခိုင်လူမျိုးများ၏ ရင်ထဲသို့မရောက်ဘဲ သမိုင်းစာ အုပ်ထဲမှာသာ နစ်မြုပ်နေခဲ့လေသည်။

မည်သူမျှလည်း သတိရမှုရှိကြချေ။ထို့ ကြောင့် လူတယောက်ဖြစ်လာခဲ့လျှင် မိ မိ၏ဘဝကို လှပစွာဖြင့် ဖြတ်သန်းတ တ်ရန်လိုအပ်သည်။ဦးစွာမိသားစုအတွ က်အသုံးဝင်သော အားကိုးရသောလူတယောက်ဖြစ်အောင် ကြိုးစားကြရမည်။

ထိုမှတဆင့် မိမိ၏ပတ်ဝန်းကျင်အတွ က်၊မြို့နယ်အတွက် နောက်ဆုံးမိမိတို့၏ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သူ အားကိုးယုံကြည်ထိုက်သူဖြစ်အောင်ကြိုးစားကြရမည်။

လူထုခေါင်းဆောင်၊ အဖွဲ့အစည်းဦး ဆောင်သူ၊ အမှုပေါင်းများစွာကို အဆုံးအဖြတ်ပေးရမည့်သူဖြစ်ခဲ့ပါသော်လည်း မင်းရန်အောင်ကဲ့သို့ မကျင့်ကြံဘဲဘုရင်မင်းထီးကဲ့သို့ ကျင့်ကြံကြရန် လို အပ်ပေသည်။

အာရက္ခပြည်သူလူထု၏ထောက်ခံမှုကို အပြည့်အဝရရှိထားသည့် အာရက္ခတပ်တော်/ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများကို မင်းထီးမျိုးဆက်များသာ ဖြစ်စေချင်ပေသည်။

PrevPrevious“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ အပိုင်း ၂
Nextစစ်ကောင်စီရေတပ်ကြောင့် အာရက္ခရေ လုပ်သားတွေ အခက်‌ကြုံနေNext
Previous Post

“ရက္ခိုင့်ဘုရင့်နိုင်ငံတော်” ဘာကြောင့်ရှိခဲ့တာလဲ အပိုင်း ၂

Next Post

စစ်ကောင်စီရေတပ်ကြောင့် အာရက္ခရေ လုပ်သားတွေ အခက်‌ကြုံနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page