မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ မေ ၂၅။
ဆိုရှယ်ဒီမိုကရေစီမိတ်ဆက် အပိုင်း ၂။
နိုင်ငံအချို့၏စနစ်၊ မူဝါဒအပြောင်းအ လဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ…။
ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၃။
ဆိုမာလီလန်အနေဖြင့် ၁၉၉၁ခုနှစ်တွင် လွတ်လပ်ရေးကြေညာသောအခါ ဆိုမာလီလန်၏လွတ်လပ်ရေးအား နိုင်ငံတကာမှ အသိအမှတ်မပြုခဲ့ပေ။ဆိုမာလီလန်၏လွတ်လပ်ရေးအပေါ် အသိအမှတ်မပြုသော်လည်း ၁၉၉၃ခုနှစ်အီရီထရီးယား၏လွတ်လပ်ရေးကြေညာချက်အပေါ်တွင်လည်းကောင်း၊ ၂၀၀၂ ခုနှစ် အရှေ့တီမော၏လွတ်လပ်ရေးကြေညာချက်အပေါ်တွင်လည်းကောင်း နိုင်ငံတကာနှင့် UN သည် အဘယ်ကြောင့် အသိအမှတ်ပြုခဲ့ရပေသနည်း။
အာဖရိကသားပညာရှင် ဒေါက်တာဟူစိန်မိုဟာမက်အေဒင်ကတော့ သူ၏ Formation and Recognition of News States: Somaliland in Contrast to Eritrea စာတမ်းတွင်”အာဖရိကသမဂ္ဂ၏ပဋိညာဉ်ပုဒ်မ ၃ ၏ အပိုဒ်ခွဲ ၃ “ကို ထောက်ပြသည်။
ထိုအပိုဒ်ခွဲငယ် ၃ တွင်”အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတနိုင်ငံ၏လွတ်လပ်ရေးရပြီးစတွင် တည်ရှိသောအချုပ်အခြာအာဏာနှင့်နယ်မြေကို အသိအမှတ်ပြုသည်”ဆိုသောအချ က်ပါဝင်နေသည်။
“ဆိုမာလီယာလွတ်လပ်ရေးရပြီးစတွင် တည်ရှိသောအချုပ်အခြာအာဏာနှင့်နယ်မြေကို အသိအမှတ်ပြုသည်” ဟုဆိုခြင်းမှာ “လက်ရှိ ဆိုမာလီယာ၏အချု ပ်အခြာအာဏာနှင့်နယ်မြေကို အပြောင်းအလဲဖြစ်စေသောကိစ္စရပ်ကို လက်မခံဆိုသည့် သဘောဖြစ်သည်။
သို့သော် အာဖရိကသမဂ္ဂ၏ပဋိညာဉ် အပိုဒ် ၂၀ တွင်မူ “မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ လူသားတိုင်းတွင် ကိုယ်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့်ရှိကြောင်း၊အဖိနှိပ်ခံ၊ကိုလို နီပြုခံနေရသောလူသားတိုင်းတွင် ကန့် သတ်လွမ်းမိုးခံရသည့်အရာများမှ နိုင်ငံတကာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ လွတ်မြောက်ခွင့်ရှိကြောင်းစသဖြင့်ပြဋ္ဌာန်းထားပြန်သည်။
ဆိုလိုချင်သည်က ၁၉၈၁ ခုနှစ်တွင်အ တည်ပြု၍ ၁၉၈၆ ခုနှစ်တွင် အသက်ဝင်လာသော အာဖရိကသမဂ္ဂ၏ ပဋိညာဉ်တွင် ကိုယ့်လုပ်ချင်လည်း လုပ်၍ ရသည်။ မလုပ်ချင်လည်း မလုပ်ဘဲနေ ၍ရသည်ဆိုသည့်သဘောကို ထောက်ပြလိုရင်းသာဖြစ်သည်။ဆိုမာလီလန်၏လွတ်လပ်ရေးကို အသိအမှတ်အပြုသော်လည်း အီရီထရီးယား၏လွတ်လ ပ်ရေးကို အသိအမှတ်ပြုခြင်းသည်လ ည်း ထိုသဘောပင်ဖြစ်သည်။
နိုင်ငံတကာတွင် ဖြစ်နေသောပုံစံအရ လက်ရှိကာလတွင် လွတ်လပ်ရေးကြေညာခြင်းအား နိုင်ငံတကာမှအသိအမှတ်ပြုခြင်းကို ရခြင်း၊မရခြင်းကိစ္စသည် “ပင်ရင်းနိုင်ငံ(parent state)”အသိ အမှတ်ပြုမှုက ပို၍အရေးကြီးလာသည့်အချက်ပင်ဖြစ်သည်။
အီရီထရီးယား၏လွတ်လပ်ရေးကို အီသီယိုပီးယားမှအသိအမှတ်ပြုပေးခဲ့သည်။
ဆိုမာလီလန်၏ လွတ်လပ်ရေးကို ဆိုမာလီယာမှ အသိအမှတ်မပြုခဲ့ပေ။
ဤအချက်ကြောင့် အီရီထရီးယားက နိုင်ငံတကာအသိအမှတ်ပြုခံရပြီး ဆိုမာလီလန်က နိုင်ငံတကာအသိအမှတ် ပြုမှုကို မရခြင်းဖြစ်သည်။
လက်ရှိတွင် ဆိုမာလီလန်အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုမခံရသော်လ ည်း မြေပြင်တွင် ကိုယ်ပိုင်ငွေကြေးစန စ်၊ကိုယ်ပိုင်နယ်မြေထိန်းချုပ်ကာကွယ်နိုင်မှု၊ထိန်းချုပ်ထားသောနယ်မြေပေါ်တွင် ဒီမိုကရက်နိုင်ငံရေးစနစ်ကို ထည်ဆောက်ထားနိုင်သည်။
ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် ဆိုမာလီလန်တွင် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။
အာဖရိကသားပညာရှင် ဒေါက်တာဟူစိန်မိုဟာမက်အေဒင်က ဆိုမာလီလန်၏ နိုင်ငံရေးပုံစံအား “ဆွေမျိုးစုအခြေပြု ကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီ” အဖြစ်ချဉ်းကပ်ခဲ့သည်။
Consociationalism(ကွန်ဆိုရှယ်ရှင်နယ်လစ်ဇင်) ဆိုသည်အခြားတော့မဟုတ်ပေ။ စုံလင်ကွဲပြားသောအုပ်စုများအ သီးသီးပါဝင့်ခွင့်ရစေရန် အချိုးအစားခွဲဝေပေးသည့် အယူအဆဖြစ်သည်။
ဆိုမာလီယာ၏အာဏာရှင်ဆီယညဒ် ဘာရ်ရီအား တော်လှန်ကြသည့် ဆွေမျိုးစုတော်လှန်ရေးအုပ်စုအသီးသီးတွင် ၁၉၉၁ ခုနှစ်မှစတင်ကာ ကျင့်သုံးကြသည့် အလေ့အထတခုရှိသည်။
ထိုအလေ့အထအား ဆိုမာလီယာပုံစံ ၄.၅ သီအိုရီဟုလည်းခေါ်ကြသည်။
ဆိုမာလီယာ၏တော်လှန်ရေးသည် ဆွေမျိုးစုအပေါ်တွင် အခြေခံသည်ဖြစ်၍ တော်လှန်ရေးအဖွဲ့အစည်း၏ ဆုံးဖြတ် ချက်ချနိုင်သောနေရာပေါ်တွင် အဓိကလူမျိုးစုလေးခုအား ညီတူညီမျှကိုယ် စားပြုစေသည်။
ကျန်သောသေးငယ်သည့် ဆွေမျိုးစုငယ်များအား စုပေါင်းကာ ဒဿမငါး (.၅)အဖြစ် ရာခိုင်နှုန်းသတ်မှတ်လိုက်သည်။
ဆိုမာလီယာ၏ အဓိကလူမျိုးစုငါးခုတွင် အီဆားတ်ဆွေမျိုးစုက ဆိုမာလီလန်အတွက်သာ တိုက်ပွဲခြင်းဖြစ်ပြီး ကျန်လေးခုက ဖက်ဒရယ်အတွက် တို က်ပွဲဝင်ခြင်းဖြစ်သည်။
သို့ဖြစ်၍ ဆိုမာလီယာ၏ တော်လှန်ရေးတွင် အီဆားတ်ဆွေမျိုးစုကိုဖယ်၍ ကျ န်လူမျိုးစုလေးခုကသာ အဓိကကျနေခြင်းဖြစ်သည်။
လေးဒဿမငါး(၄.၅)သီအိုရီတွင် လေးက အဓိက ဆွေးမျိုးစုလေးခုကို ကိုယ် စားပြုပြီး ဒဿမငါး(.၅)က ဆွေမျိုးစုငယ်များကို ကိုယ်စားပြုခဲ့သည်။
အဓိကရည်ရွယ်ချက်မှာ အစိုးရဖွဲ့ခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကဲ့သို့ နိုင်ငံတည် ဆောက်ရေးဖြစ်စဉ်များတွင် ဆွေမျိုးစုကြီးငယ်မဟူပါဝင်ခွင့်ရှိစေရန်နှင့်ဆွေ မျိုးစုကြီးငယ်ကြားထဲတွင် ပဋိပက္ခမဖြစ်စေရန်ဖြစ်သည်။
ဆိုမာလီယာ (4.5) သီအိုရီ ဇယား (ပုံ 1-A)၊ (ပုံ 1-B)
ဆိုမာလီလန်အနေဖြင့် ကွန်ဆိုရှယ်ရှင်နယ်ဇင်အား အစိုးရဖွဲ့စည်းပုံတွင် တ ရားဝင်ကျင့်သုံးသလားဆိုလျှင်တော့ ထိုသို့ကျင့်သုံးရန်အတိအကျပြဌာန်းမထားပေ။
ဆိုမာလီလန်၏အချုပ်အခြာအာဏာအား ဖွဲ့စည်းပုံတွင် ဆိုမာလီလန်၏ရိုး ရာအစဉ်အလာအုပ်ချုပ်ပုံနှင့်ခေတ်သ စ်ဒီမိုကရက်အုပ်ချုပ်မှုကို ပေါင်းစပ်ထားသည့် ကပ်ပြားစနစ်(Hybrid)ပုံစံကိုကျင့်သုံးထားသည်။
ဆိုမာလီလန်၏ရိုးရာအစဉ်အလာအုပ် ချုပ်ပုံတွင် ဂူးအာရ္တီ (Guurti)ဟု ခေါ်သော ဆွေမျိုးစုခေါင်းဆောင်များလွတ်တော်ရှိသည်။ခေတ်သစ်ဒီမိုကရက်စံအရ လူထုကရွေးကောက်သည့် လူထုလွတ်တော်ရှိသည်။ဆိုမာလီလန်သည် တပြည်ထောင်စနစ်နှင့်လွတ်တော်နှစ်ရပ်ပုံစံကျင့်သုံးသည်။သမ္မတကို ရွေး ကောက်ပွဲဖြင့် ရွေးချယ်သည်။
ဂူးအာရ္တီ ဆွေမျိုးစုခေါင်းဆောင်များလွတ်တော်သည် ဆိုမာလီလန်ရိုးရာအ စဉ်အလာ ထုံးထမ်း(Xeer)ခီး(အီး) ယား အစဉ်အလာကိုလည်း ကျင့်သုံးတတ် သည်။( Xeer)အစဉ်အလာဖြင့် ဆွေမျိုးစုအချင်းချင်းကြား ပုံမှန်မဟုတ်သည့် ဆွေးနွေးပွဲများ၊ဆုံးဖြတ်ချက်များ ချရာတွင် လေးဒဿမငါး( ၄.၅)သီအိုရီကိုလည်း လိုအပ်ချက်အရ ကျင့်သုံးလေ့ရှိတတ်သည်။
ကွန်ဆိုရှယ်ရှင်နယ်ဇင်၏ဝိသေသများထဲတွင် မဟာမိတ်ဖွဲ့ခြင်း(Grand Coalition)၊မဟာမိတ်ထဲတွင်ပါဝင်သော အုပ်စုတခုချင်းစီတွင် ဗီတိုအာ ဏာရှိခြင်း(Mutual Veto)၊အာဏာလုပ် ပိုင်ခွင့် အခွင့်အရေးတာဝန်တို့နှင့်ပတ် သက်၍ အချိုးအစားခွဲဝေခြင်း (Propo rtionality)၊အဖွဲ့ဝင်တခုချင်းစီတွင် ကို ယ်ပိုင်အာဏာရှိခြင်း(Segme ntal Autonomy)တို့ ပါဝင်သည်။
ဆိုမာလီလန်၏နိုင်ငံရေးတွင် ရိုးရာအ စဉ်အလာအုပ်ချုပ်ရေး၊ဓလေ့ထုံးတမ်းများထဲမှ ကောင်းသည့်အချက်များကို ဆွဲထုတ်ယူသည်။
ထိုကောင်းသော အစဉ်အလာများတွင် ကွန်ဆိုရှယ်ရှင်နယ်လစ်ဇင် စံတန်းဖိုးများကိုပေါင်းစပ်ကျင့်သုံးသည်။
ထိုအချက်များဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြန်အလှန်ကျားကန်တည် ဆောက်သည်။ဆိုမာလီလန်သည် အာဖရိကအရှေ့ပိုင်းတွင် ဒီမိုကရက်စံနှုန်းခိုင်မာသော နိုင်ငံရေးတည်ငြိမ်သော နေရာဒေသတခုဖြစ်နေသည်။
ဆိုမာလီလန်၏ ၄.၅သီအိုရီ ဇယားပုံများ (2-A)၊ (2-B)



အီရီထရီးယားကဲ့သို့ဆိုမာလီလန်တွင်လည်း နိုင်ငံတည်ဆောက်ရေးတွင် ” စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးနှင့်အင်စတီကျူရှင်းများတွင် လိုအပ်ချက်များရှိနေသည်။
ဆိုမာလီလန်အနေဖြင့် အီရီထရီးယားထက်ပို၍အကြပ်အတည်းက “မိမိ၏ လွတ်လပ်ရေးကို နိုင်ငံတကာမှအသိအမှ တ်မပြုခြင်း” ပင်ဖြစ်သည်။အီရီထရီးယားနှင့်အီသီယိုပီးယား နယ်နိမိတ်ပြ ဿနာတက်ပါက မည်သို့ပင်ဆိုစေကာမူအီရီထရီးယားသည် အီသီယိုပီးယားနှင့်အစိုးရအချင်း(Government to Government)စကားပြော၍ရသည်။
ဆိုမာလီလန်တွင်တော့ ထိုသို့မဟုတ်။ သံခင်းတမန်ခင်းနှင့်စီးပွားရေးတွင် အီရီထရီးယားလောက်ပေးထားချက်မကောင်းခဲ့ပေ။အီရီထရီယားက”နိုင်ငံတ ည်ဆောက်ရေးတွင်နိုင်ငံရေး၊စီးပွား ရေး၊အင်စတီကျူးရှင်းများ၏လိုအပ် ချက်များနှင့်နယ်နိမိတ်ပြဿနာကို လ က်ညိုးထိုးကာ ဒီမိုကေရစီကို ငြင်းဆန်ခဲ့သည်။ဆိုမာလီလန်က ထိုပြဿနာများထဲမှပင် ဒီမိုကေရစီကို တည်ဆော က်ခဲ့သည်။
နိုင်ငံတည်ဆောက်စ ဆိုမာလီလန်ရင် ဆိုင်ခဲ့ရသောပြဿနာသည် အီရီထရီးယားရင်ဆိုင်ခဲ့ရသော ပြဿနာထက် မလျော့ပေ။နိုင်ငံတကာအသိအမှတ်ပြုမှုပိုင်းတွင် ဆိုမာလီလန်ကအီရီထရီးယားထက်ပို၍ အခြေအနေဆိုးခဲ့သည်။
လွတ်လပ်ရေးယူရန်အတွက်ပင် အီဆားတ်ဆွေမျိုးစုကိုအခြေတည်သော (SNM)သည် ၎င်းတို့နှင့်ဆန့်ကျင်ဘက် အာဏာရှင်ဆီယာဒ်ဘာရ်ရီနှင့်ပူးပေါင်းခဲ့သောအီစ္ဆာ(Issa)၊ဂါဒါဘာရ္စီ ( Gadabursi)၊ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့်ဝါဆမ်ဂျီလီ (Warsangeli)ဆွေမျိုးစုများနှင့် ဆွေး နွေးစည်းရုံးခဲ့ရသည်။
ထိုဆွေမျိုးစုများကို စည်းရုံးနိုင်ပြီးခါမှ ဆူလ်( Sool)၊ဆန်နားဂျ် (Sanaag)၊ အော်ဒလ် (Awdal)၊ ဝိုကူးယီ ဂဲလ်ဘီးဒ် ( Woqooyi Galbeed)နှင့်(တိုဂျီးယား (Togdheer)စသည့်ဒေသများမှ ဆွေ မျိုးစု ဆူလတန် ၁၇ ဦးမှလွတ်လပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။



ဆိုမာလီလန်၏အရှေ့ဘက်တွင် ဆိုမာလီယာ၏ပါတ်လန်နယ်မြေ(Puntland) တည်ရှိသည်။
အဆိုပါ ပါတ်လန်နယ်မြေအား ထိန်း ချုပ်ထားသည့်အဖွဲ့မှာ ဒါရုဒ်အုပ်စုခွဲဖြ စ်သောမာဂျီးတင်းဆွေမျိုးစု (Majeeteen Clan)များ၏ (Somali Salvation Democratic Front -SSDF) ဖြစ်သည်။
SSDF က မြင့်မားသော ကိုယ်ပိုင်အချုပ်အခြာအာဏာအဆင့်အတန်းကို လက်ကိုင်ထားပြီး ဖက်ဒရယ်အယူအဆကိုကိုင်စွဲထားသော အဖွဲ့အစည်းဖြစ်သည်။ ဆိုမာလီလန်၊ပါတ်လန်နယ်မြေနှင့်ဆိုမာလီယာစသည့်သုံးပွင့်ဆိုင်တွင် နယ်မြေအငြင်းပွားမှုပြဿနာသည်ရှိသည်။
ဆိုမာလီလန်နှင့်ပါတ်လန်နယ်မြေကြားတွင်လည်းကောင်း၊ဆိုမာလီလန်နှင့်ဆိုမာလီယာကြားတွင်လည်းကောင်း၊ဆိုမာလီယာနှင့်ပါတ်လန်နယ်မြေကြားတွ င်လည်းကောင်း ပြဿနာများရှိသည်။
ထိုပဋိပက္ခများမှ တခါတရံလက်နက် ကိုင်တိုက်ပွဲများအထိရောက်ရှိသွားကြသည်။ယခုအချိန်ထိုပြဿနာများမှာရှိနေသည်။
ထိုကဲ့သို့ပြဿနာများကြားတွင်ပင် ဆိုမာလီလန်သည် ဒီမိုကရက်စံတန်ဖိုးကိုအီရီထရီးယားကဲ့သို့ မပစ်ပါယ်ခဲ့ချေ။
အီဆာ(Issa) နှင့်ဂါဒါဘာရ်စီ ( Gadabursi)ဒီရ် ဆွေမျိုးစုအုပ်စုမှဖြစ် သည်။ဒူလ်ဘာဟန်တ့်(Dhulbahante) နှင့်ဝါဆမ်ဂျီလီ(Warsangeli)တို့သည် ဒါရုဒ် ဆွေမျိုးစုအုပ်စုဖြစ်သည်။
(ဆိုမာလီယာ၏ဆွေမျိုးစုနိုင်ငံရေးပြ ဿနာအား အပိုင်း ၁ တွင် ပြန်ဖတ်ကြည့်ပါက ဆိုမာလီလန်၏ပြဿနာအား ပို၍ရှင်းလင်းစွာ သဘောပေါက်ပါလိမ့် မည်)အာဏာရှင်ဆီယာဒ်ဘာရ်ရီသည် ဒါရုဒ်ဆွေမျိုးစုအုပ်စုခွဲဖြစ်သော မာရီဟန်(Marehan)အုပ်စုထဲမှဖြစ်သည်။
ဆီယာဒ်ဘာရ်ရီနှင့်မဟာမိတ်များသည် ဒါရုဒ်ဆွေမျိုးစုအုပ်စုခွဲဖြစ်သည့်မာရီဟန်(Marehan)၊ အိုဂါဒင် (Ogaden)နှင့် ဒူလ်ဘာဟန်တ့်(Dulbahante)အုပ်စုများဖြစ်သည်။
ထိုဆီယာဒ် ဘာရ်ရီ၏ အုပ်စုများကိုအ တိုကောက်(MOD)ဟုလည်းခေါ်ကြသ ည်။ဒါရုဒ်ဆွေမျိုးစုထဲမှ မာဂျီးတင်းအု ပ်စုကား အာဏာရှင်ကို ဆန့်ကျင်တွန်း လှန်သည့်အုပ်စုဖြစ်သည်။
အာဏာရှင်ဆီယာဒ်ဘာရ်ရီ၏ ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်မှုအပေါ်တန် ပြန်တွန်းလှန်ကြသော အီဆားတ်ဆွေ မျိုးစု (Isaaq Clan)များ၏ (Somali National Movement- SNM)သည်လ ည်းကောင်း၊ဒါရုဒ်အုပ်စုခွဲဖြစ်သော မာဂျီးတင်းဆွေမျိုးစု (Majeeteen Clan) များ၏(Somali Salvation Democratic Front -SSDF)သည်လည်းကောင်း၊ဟာဝီယီး ဆွေမျိုးစု၏ (United Somali Congress- USC) သည်လည်းကောင်း ထင်ရှားကြသည်။
ဒါရ် ဆွေမျိုးစုနှင့်ရာဟင်ယွင် ဆွေမျိုးစုတို့မှာ SNM နှင့် USC တို့တွင်ပူးပေါင်းကြသကဲ့သို့ ဒါရ္အုပ္စုခြဲ ဂါဒါဘူးရီတအုပ်စု(Gadabuursi)များကလည်း (Somali Democratic Alliance -SDA)ကိုတည် ထောင်ကာ အာဏာရှင်ကို ဆန့်ကျင်သည်လည်းရှိသည်။
အာဏာရှင်ဆီယာဒ်ဘာရ်ရီပြုတ်ကျပြီးနောက်တွင် ရာဟင်ယွင်ဆွေမျိုးစုသည်လည်း(Somali Demoratic Movement- SDM)ကိုတည်ထောင်ရာ မိမိတို့ရပိုင်ခွင်အတွက် တိုက်ပွဲဝင်ကြသည်။


ဒီရ်ဆွေမျိုးစုထဲတွင်ပါဝင်သော အီဆာ (Issa)နှင့်ဂါဒါဘာရ္စီ (Gadhabursi)များ၏ဒေသ အော်ဒလ်(Awdal)နယ်မှာ ဂျေဘုတ်တီနိုင်ငံနားတွင်တည်ရှိသည်။
ဒါရုဒ်ဆွေမျိုးစုထဲတွင်ပါသော ဝါဆမ်ဂျီလီ(Warsangeli)အုပ်စုမှာဆန်နားဂျ်နယ်မြေ (Sanaag)၏ အရှေ့ဘက်နှင့် ဆူလ်နယ်မြေ(Sool)၏ အရှေ့မြောက်စွန်းနေရာများတွင် နေထိုင်ကြသည်။
နောက်ဒါရုဒ်ဆွေမျိုးစုထဲတွင်ပါသော ဒူလ်ဘာဟန်တ့်(Dhulbahante) တို့မှာ ဆူလ်(Sool)နယ်မြေထဲတွင် သုံးပုံနှစ်ပုံရှိပြီး တိုဂျီးယား(Togdheer)နယ်မြေ၏ ကာယင်(Cayn)နေရာတွင်နေထိုင်ကြသ ည်။ကာယင်(Cayn)နေရာသည် တိုဂျီးယားဒေသ၏ လေးပုံတပုံဧရိယာရှိသ ည်။
အဆိုပါ ဒါရုဒ်ဆွေမျိုးစုဖြစ်သော ဒူလ်ဘာဟန်တ့်(Dhulbahante)နှင့်ဝါဆမ်ဂျီလီ(Warsangeli)တို့နေထိုင်ရာ ဒေသများသည် ဒါရုပ်ဆွေမျိုးစုဝင် မာဂျီးတ င်းအုပ်စု(Majeeteen)၏ပန်တ်လန် (Puntland)နှင့်နီးကပ်သည်။
ဆိုမာလီလန်၌ အီးဆာတ်ဆွေမျိုးစု (Isaaq Clan)များ တိုက်ပွဲဝင်နေချိန်တွင် ကျန်အုပ်စုများဖြစ်သော အီစ္ဆာ (Issa)၊ ဂါဒါဘာရီဆ( Gadabursi)၊ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli) အုပ်စုတို့သည် ရန်သူနှင့် ပူးပေါင်းခဲ့သည်။
သို့သော် ၁၉၉၁ ခုနှစ်တွင် အပြန်အလှန်ယုံကြည်မှုတည်ဆောက်၍ လွတ်လပ်ရေးကြေညာခဲ့သော်လည်း သမိုင်း ကြောင်းအရ ထိုသို့ရှိထားခဲ့သည်။
ပြောရလျှင် ဆိုမာလီလန်၌ အီဆာတ် (Isaaq Clan)များက တမူးအပိုရှူသလိုဖြစ်နေသည်။
တဖက်တွင် ဒါရုဒ်အနွယ်ပန်တ်လန်နယ် မြေမှ မာဂျီတင်းများကလည်း မိမိတို့ဆွေမျိုးဒူလ်ဘာဟန်တ့် (Dhulbahante)နှင့် ဝါဆမ်ဂျီလီ (Warsangeli)တို့ကို ပန်တ်လန်နယ်မြေနှင့်ပူးပေါင်းရန်စည်းရုံးသည်။
ဆီဆာတ်(Isaaq)ဆွေမျိုးစုများက ထိုအချက်ကို မကြိုက်ပေ။ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့်ဝါဆမ်ဂျီလီ (Warsangeli)တို့ကလည်း အီဆားတ် (Isaaq)များ တမူးအပိုရှူနေသည်ကိုမကြိုက်ပေ။
ဤသို့ဖြင့် ပဋိပက္ခဖြစ်တော့သည်။လက်နက်ကိုင်တိုက်ပွဲများထိ ဖြစ်ကြတော့သည်။
ထိုပဋိပက္ခသည် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး လော့အနော့တ်ပဋိပက္ခ (Los Anod Conflict) ဟူလည်းခေါ်ကြသည်။လော့အနော့တ် (Los Anod)မှ ဆူလ်နယ်မြေ (Sool)၏ မြို့တော်ဖြစ်သည်။
လက်ရှိတွင်တော့ ဒူလ်ဘာဟန်တ့် (Dhulbahante)နှင့်ဝါဆမ်ဂျီလီ (Warsangeli)အုပ်စုတို့နေထိုင်သော ဆန်နားဂျ်နယ်မြေ (Sanaag) အစိတ် အပိုင်းများ၊ဆူလ် (Sool)နယ်မြေ အစိ တ်အပိုင်းများနှင့်တိုဂျီးယားနယ်မြေ၏ ကာယင်(Cayn)နေရာများကို ခါတူမို (Khatumo)နေရာဟုအမည်ပေးကာ ဆိုမာလီယာဖက်ဒရယ်၏နယ်မြေအဖြစ်ကြေငြာထားသည်။
ခါတူမိုနေရာအားဆန်နားဂျ် (Sanaag)၊ ဆူလ်(Sool)နှင့်ကာယင်(Cayn)နေရာများ၏အတိုကောက်အဖြစ် (SSC- Khatumo)ဟုလည်းခေါ်ကြသည်။ ဒါရုဒ်ဆွေမျိုးစုအချင်းချင်းဖြစ်သည့် မာဂျီးတင်းနှင့်ဒူလ်ဘာဟန်တ့် တို့သည်လ ည်း အာဏာရှင်ဆီယာဒ်ဘာရ်ရီလက်ထက်က ဆန့်ကျင်ဘက်များဖြစ်သည်။
၂၀၂၅ ခုနှစ်အစောပိုင်းကာလထိတော့ ခါတူမို(SSC-Khatumo)ဒေသသည် ဆိုမာလီလန်နှင့်ခွာပြဲကာဆိုမာလီယာဘက်တွင် ဖက်ဒရယ်ယူနစ်တခုအဖြစ်ရှိနေဆဲဖြစ်သည်။မည်သည့်အချိန်တွင် မာဂျီးတင်းနှင့်ဒူလ်ဘာဟန်တ့်အုပ်စုတို့ ပြဿနာဖြစ်ကြမည်မသိနိုင်ချေ။




ဆိုမာလီလန်၏နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်ကိုကြည့်ပါက အိမ်နီးချင်းအီသီယိုပီးယား၏အခြေအနေကလည်း ရိုက်ခတ်မှုရှိသည်ကိုတွေ့ရပြန်သည်။
အီသီယိုပီးယားထဲတွင် ဒါရုဒ်ဆွေမျိုးစုဝင်အိုဂါဒင်အုပ်စုများနေထိုင်ကြသည်။ ရှေ့အပိုင်းများတွင်တင်ပြခဲ့သည့်အတို င်း အီသီယိုပီးယားနှင့်ဆိုမာလီယာသ ည် ရှေးသမိုင်းအစဉ်အလာကပင် ခေ တ်ပြိုင်များဖြစ်သည်။အီသီယိုပီးယားနှင့်ဆိုမာလီယာကြားတွင် ပဋိပက္ခသည်ရှိသည်။
အီရီထရီးယား လွတ်လပ်ရေးကြေညာသွားပြီးနောက်တွင် အီသီယိုပီးယားအနေဖြင့် ပင်လယ်ထွက်ပေါက်ပိတ်ခဲ့သည်။
လက်ရှိအချိန်တွင် အီသီယိုပီးယားသ ည် ပင်လယ်ထွက်ပေါက်ကိုလိုအပ်နေ သည်။အီသီယိုပီးယားအနေဖြင့် အီရီထရီးယားနှင့်လည်းကောင်း၊ဆိုမာလီလန်နှင့်လည်းကောင်း၊ဆိုမာလီယာနှင့်လ ည်းကောင်း၊ပါန်တ်လန်နှင့်လည်းကောင်း ထိတွေ့ဆက်ဆံရာတွင် ပြောနေရသောခေါင်းစဉ်တခုမှာ “အီသီယိုပီးယားအနေဖြင့် ဆိပ်ကမ်းအသုံးပြုပိုင်ခွင့်” ဖြစ်သည်။
အီရီထရီးယား၏လက်ရှိအုပ်ချုပ်သူ အိုင်ဆက်အဖ်ဝေါကီတို့ကလည်း အီသီယိုပီးယားကိုလက်ညိုးထိုး၍ အပြစ်တင်ကာ ကိုယ့်ကိုကိုယ်သူတော်ကောင်းပုံရိပ်ကိုယူ၍ အမြဲတန်းအသုံးချနေသူဖြစ်၍ အီသီယိုပီးယားအတွက် အီရီထရီးယား၏ဆိပ်ကမ်းကို အသုံးချခွင့်ရရေးအာမခံချက်က မသေချာပေ။
ဆိုမာလီယာနှင့်လည်း အိုဂါဒင်အုပ်စုများ၏ ပြဿနာမျိုးကရှိထားသည်။ ပါန်တ်လန်ရှိ မာဂျီးတင်းအုပ်စုကလည်း အိုဂါဒင်အုပ်စုများနှင့်မတည့်သော်လ ည်း နှစ်ခုစလုံးသည် ဒါရုဒ်ဆွေမျိုးစု၏ အစိတ်အပိုင်းများဖြစ်ကြသည်။
ဤသို့ဖြင့် ဆိုမာလီလန်၏ ဆိပ်ကမ်းများအား အသုံးပြုခွင့်ရပါက ဆိုမာလီလန်၏အချုပ်အခြာအာဏာအား အီသီယိုပီးယားမှအသိအမှတ်ပြုပေးမည်ဟု အသံထွက်လာလျှင် အီသီယိုပီးယားသ ည်ဆိုမာလီယာ၏ကန့်ကွက်မှုနှင့်ရင်ဆို င်ရသည်။
အီသီယိုပီးယားအား ဆိုမာလီလန်၏ ဆိပ်ကမ်းကိုမသုံးစေလျှင် ဆိုမာလီယာနှင့်ပါန်တ်လန်၏ဆိပ်ကမ်းများကိုအ သုံးပြုခွင့်ပေးမည်လားဆိုလျှင်လည်း အိုဂါဒင်ပြဿနာကရှိနေပြန်သည်။
အီသီယိုပီးယားသည်လည်းကောင်း၊ ဆိုမာလီယားသည်လည်းကောင်း မိမိ၏ ပြည်သူများအပေါ် တန်းတူညီမျှမှု၊လွ တ်လပ်အေးချမ်းမှု၊တိုးတက်မှုတို့ကို ဖော်ဆောင်ရာတွင် လက်ရှိအခြေအနေထိ ရုန်းကန်နေရဆဲဖြစ်သည်။
ထိုနိုင်ငံနှစ်ခုစလုံးသည် မိမိတို့နှင့် ဆီလျော်မည့် ဖက်ဒရယ်စနစ်အတွက် ရုန်း ကန်နေရဆဲဖြစ်သည်။ ပါန်တ်လန်ကဲ့သို့နယ်မြေမျိုးက ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖက်ဒရယ်ဘောင်ထဲမှ ပို၍မြင့်မြင့်မားမားရလိုသည်။
ဆိုမာလီယာ၏ဖက်ဒရယ်ဖြစ်စဉ်သည် အခွင့်အရေးပိုမယူသည့်ယူနစ်များနှင့် အခွင့်အရေးပိုတောင်းဆိုထားသည့် ပါန်တ်လန်ကဲ့သို့ယူနစ်များကြားတွင်ဆို မာလီယာနှင့်ကိုက်ညီသော “အချိုးမညီဖက်ဒရယ်စနစ်”ကို အကောင်အထည် ဖော်ရသည့်ဖြစ်စဉ်မျိုးဖြစ်သည်။
ထိုကဲ့သို့ အိမ်နီးချင်းများ၏အရေးကိစ္စသည် ဆိုမာလီလန်အပေါ်တွင် တိုက်ရို က်သော်လည်းကောင်း၊သွယ်ဝိုက်သော် လည်းကောင်း ရိုက်ခတ်လာသည်ချည်းသာဖြစ်သည်။
ဤအချက်များကြောင့်လည်း ဆိုမာလီလန်၏ဒီမိုကရေစီသည် နောက်ဆုတ်မသွားပေ။အီရီထရီးယားကိုကြည့်ပါက ထိုကဲ့သို့ အိမ်နီးချင်များ၏အခြေအနေများက မိမိတို့ပြည်တွင်းရေးအား ရိုက် ခတ်မှုကိုမှုကို လက်ညိုးထိုး၍ ဒီမိုကရ က်စံကို အကောင်အထည်မဖော်ခဲ့ပေ။
လူ့ဘောင်တခုအတွက် ဒီမိုကရေစီကို တက်လှမ်းခြင်း၊မလှမ်းခြင်း၏ ရလာဒ်သည်…
၁။အိမ်နီးချင်းနိုင်ငံများ၏လွှမ်းမိုးမှုအ ကျိုးစီးပွားကြောင့် မိမိ၏ပြည်တွင်းရေးကို ရိုက်ခတ်နေမှုကြောင့်ဟုလည်းကောင်း၊
၂။ မိမိ၏ပြည်တွင်းရေးတွင် လိုအပ်ချ က်များစွာ၊အားနည်းချက်များစွာရှိနေသည့်အတွက်ကြောင့်ဟုလည်းကောင်းစသဖြင့် အကြောင်းတရားများကို” ဆင်ခြေပေးနေပါက ထိုအကြောင်းပြချက်သည် လုံးဝအဓိပ္ပါယ်မရှိပေ။”
“အဘယ်ကြောင့်ဆိုသော် ထိုအကြော င်းတရားနှင့်လွတ်သောနိုင်ငံမျိုး ကမ္ဘာပေါ်တွင် မရှိသေး၍ဖြစ်သည်။”
ထိုအကြောင်းတရားများသည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းရင်ဆိုင်နေရသော ကိစ္စများဖြစ်သည်။
အာဏာရှင်နိုင်ငံဖြစ်စေ၊တပါတီစနစ်နိုင်ငံဖြစ်စေ၊ဒီမိုကရေစီနှင့်ပါတီစုံစနစ်ရွေးကောက်ပွဲကိုကျင့်သုံးနေသောနိုင်ငံဖြစ်စေ ထိုအကြောင်းတရားများကို ရင် ဆိုင်နေရသည့် နိုင်ငံများသာဖြစ်သည်။
ထိုအကြောင်းတရားများကို ရင်ဆိုင်ရာတွင် “မိမိပြည်သူများအတွက်တရားမျှတမှု၊တန်းတူညီမျှမှု၊လွတ်လပ်ခွင့်၊တရားဥပဒေစိုးမိုးမှု၊အေးချမ်းမှု၊စိုးရိမ်ကြောင့်ကြကင်းမှု၊တိုးတက်မှု” စသည့်အချက်များ ပေါ်ထွက်လာရန်အတွက် အထိအခိုက်အနည်းဆုံးစနစ်သည် “တရားမျှတမှု၊တန်းတူညီမျှမှု၊လွတ်လပ်မှုတို့ကို အာမခံပေးထားသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့်ဒီမိုကရေစီပါတီစုံရွေးကောက်ပွဲစနစ်” သာဖြစ်သည်။
သို့ဖြစ်၍”တရားမျှတမှု၊တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့ကို အာမခံပေးထားသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့်ဒီမိုကရေစီပါတီစုံရွေးကောက်ပွဲစနစ်”ကို အ ကောင်အထည်ဖော်၏၊မဖော်၏ ဆိုသ ည့်အဓိက အကြောင်းရင်းခံမှာ”ဦးဆော င်သူများ၏နိုင်ငံရေးစိတ်ဆန္ဒနှင့်စွမ်းရည်သာ”ဖြစ်သည်။
ဤလူ့ဘောင်သည် မည်သို့၊မည်ပုံဖြစ်နေ၍”ဒီမိုကရေစီ၊နိုင်ငံရေးအခွင့်အရေးများ၊လူ့အခွင့်အရေးများ “ကို ပေး၍မရသေးဟု ပြောဆိုလာပါကထိုပြောဆိုသူကိုယ်တိုင်ပင်လျှင် ထိုအခွင့်အရေးများကို ဖော်ဆောင်လိုသော” နိုင်ငံ ရေးစိတ်ဆန္ဒနှင့်စွမ်းရည်”မရှိဟုသော အဓိပ္ပါယ်ပင်ဖြစ်သည်။
စင်ကာပူသည်လည်းကောင်း၊အရှေ့တီမောသည်လည်းကောင်း လွတ်လပ်ပြီးစတွင် နိုင်ငံတည်ဆောက်ရေး၌အစိုးရဌာနဆိုင်ရာများ၏အရည်အသွေးများ၊ လူထု၏ အရည်အသွေးများတွင် လိုအ ပ်ချက်များ အင်မတိ၊ အင်မတန်များခဲ့သည်။ဒေသတွင်းနိုင်ငံများ၏အခြေအ နေကိုလည်း ရိုက်ခတ်ခံရသည်။
သို့သော် ထိုနိုင်ငံများသည် ဒီမိုကေရစီ ပါတီစုံရွေးကောက်ပွဲကို မပစ်ပယ်၊ဖွဲ့စ ည်းပုံအခြေခံဥပဒေကို မပစ်ပယ်ခဲ့ပေ။ အီရီထရီးယားကား ထိုနိုင်ငံများနှင့်ပြောင်းပြန် လုပ်ရပ်ကိုသွားခဲ့သည်။
ဆိုမာလီလန်ဆိုလျှင် စင်ကာပူ၊ အရှေ့တီမော၊အီရီထရီးယားကဲ့သို့ လွတ်လ ပ်ရေးနှင့်အချုပ်အခြာအာဏာကို နိုင်ငံ တကာက အသိအမှတ်ပြုမှုကိုတောင်မရနိုင်ခဲ့ပေ။
သို့သော် “ဒီမိုကရေစီနှင့်ပါတီစုံရွေးကောက်ပွဲကို မပစ်ပယ်၊ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မပစ်ပယ်ခဲ့ပေ။”
အီရီထရီးယားနှင့်ဆိုမာလီလန်တို့၏ နိုင်ငံရေး၊စီးပွားရေး လက်ရှိအနေအ ထားကိုကြည့်ပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။
နိုင်ငံရေး
ဆိုမာလီလန်သည် အချုပ်အခြာအာဏာအား နိုင်ငံတကာကအသိအမှတ် ပြုမခံရပေ။အီရီထရီးယားသည် အချုပ်အခြာအာဏာအား နိုင်ငံတကာမှအသိအမှတ်ပြုခံရသည်။
ဆိုမာလီလန်သည် ပါတီစုံဒီမိုကရေစီကိုကျင့်သုံးပြီး ပုံမှန်ရွေးကောက်ပွဲများရှိကာ နိုင်ငံရေးမှာတည်ငြိမ်သည်။အီရီထရီးယားသည် အာဏာရှင်အပြင်းစားဖြစ်နေပြီး ရွေးကောက်ပွဲလည်းမရှိ၊PFDJ ကသာ တပါတီစနစ်ပုံစံဖြစ်နေသည်။
ဆိုမာလီလန်တွင် နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာ၌ လူမျိုးစုအချင်းချင်း အောက်ခြေမှအထက်သို့ ရင်ကြား စေ့ရေးပုံစံဖြင့်ဖြေရှင်းသောကြောင့် နိုင်ငံရေးတည်ငြိမ်မှုနှင့်ပြည်သူလူထုတွင် လုံခြုံငြိမ်းချမ်းမှုရှိသည်။
အီရီထရီးယားတွင်မတူကွဲပြားမှုများအားဖိနှိပ်ခြင်း၊ စောင့်ကြည့်ခြင်းကြောင့် နိုင်ငံရေးတည်ငြိမ်နေသလိုဖြစ်နေသော် လည်း ပြည်သူလူထုတွင် လုံခြုံအေး ချမ်းမှုမရှိပေ။ဆိုမာလီလန်၌ နိုင်ငံရေး၊ အုပ်ချုပ်ရေးပြဿနာများကိုကိုင်တွယ်ရာတွင် ဆုံးဖြတ်ချက်သည် အောက် ခြေမှအထက်သို့ သွားသော်လည်း အီရီထရီးယားတွင် အထက်မှ အောက်သို့သွားသည်။
လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သ က်၍ ဆိုမာလီလန်တွင် ဝေဖန်စရာများရှိသော်လည်း ယေဘူယျအားဖြင့် ဆိုမာလီယာထက်ပိုကောင်းမွန်သည်။အီရီထရီးယား၏ လူ့အခွင့်အရေးအခြေအနေသည်ကား ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးစာရင်းထဲတွင်ပါဝင်ပြီး “ပါးစပ်ဥပေဒ၊အာဏာ” အလေ့အထက အားကောင်းနေပြီး ဌာနဆိုင်ရာများ၏မူဝါဒ၊ဥပေဒ၊ လမ်းညွှန်ချက်များကို လူထုသည်ရေရေရာရာမသိချေ။ဌာနဆိုင်ရာ အာဏာရှိသူများ၏ မတရားစွပ်စွဲကာဖမ်းဆီးချုပ်နှောင်မှု၊ညှင်းပန်းနှိပ်စက်မှုများဒဏ်ကို အီရီထရီးယားလူထုခံစားနေရသည်။
စီးပွားရေး
ဆိုမာလီလန်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။သို့သော် လွတ်လပ်ရေးအားနိုင်ငံတကာအသိအမှတ်ပြုမခံရ၍ ပြည်ပရင်းနှီးမြုပ်နှံမှုများတွင် အကန့်အသတ်များရှိသည်။အကန့်အသတ်များရှိနေ၍ ပြည်ပအစိုးရများနှင့်ပုံမှန်မဟုတ်သည့် ဆက်ဆံရေးဖြင့် လွတ်လပ်သောဈေးကွက်စီးပွားရေးကို ဦးတည်နေသည်။
ပုဂ္ဂလိကဏ္ဍများကို အရှိန်မြင့်နေသည်။အီရီထရီးယားတွင်ကား စီးပွားရေးအား အမိန့်ပေး ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့်ထားကာ နိုင်ငံတော်မှ စီးပွားရေးတွင် လွမ်းမိုးနေသည်။
ပြည်ပဝင်ငွေကို ဆိုမာလီလန်သည် မွေးမြူရေးထုတ်ကုန်များ၊ဖုန်းအင်တာနက်ဆက်သွယ်ရေး၊ဆိပ်ကမ်းနှင့်နိုင်ငံခြားတွင်အလုပ်သွားလုပ်နေသည့် နိုင်ငံသားများထံမှ ပို့ငွေတို့ကို မှီခိုနေရသည်။အီရီထရီးယားကား သတ္တုသယံဇာတကို ထုတ်ရောင်းသည်။စိုက်ပျိုးရေးလုပ်ငန်းနှင့်ပြည်ပရောက်နိုင်ငံသားများထံမှ ပို့ငွေကို မှီခိုနေရသည်။
ဆိုမာလီလန်က နိုင်ငံတကာအသိအမှတ်ပြုမခံရ၍ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများထံမှ အထောက်အပံများရယူနိုင်ရန် အခက်အခဲရှိသည်။အီရီထရီးယားကား ပုဂ္ဂလိကကဏ္ဍကိုပိတ်ပင်ခြင်း၊ပွင့်လင်းမြင်သာမှုမရှိခြင်း၊အကျင့်ပျက်ခြစားမှု အဂတိတရားများရှိခြင်း၊နိုင်ငံတကာတွင် ကိုယ်ဖာသာကိုယ်လူရာမဝင်ခြင်းကြောင့် အကန့်အသတ်ရှိနေသည်။
ဆိုမာလီလန်အနေဖြင့် အကန့်အသတ်များရှိပြီး ဆင်းရဲသော်လည်း တိုးတက်မှုလက္ခဏာကပြနေသည်။ပုံမှန်စီးပွားရေးလည်ပတ်မှုရှိသည်။အီရီထရီးယားကာ အုပ်ချုပ်သူလူတန်းစားများက ငါသာသိ၊ငါသာတတ်ပုံစံအောက်တွင် လူထုမှာဆင်းရဲမွဲတေမှုအောက်ပိတ်မိနေသည်။ဆိုမာလီလန်တွင် စီးပွားရေးအား မထိခိုက်အောင် အသေးစိတ်ကျသည့် အခွန်အခစနစ်များရှိသည်။
မြေပြင်ပကတိအနေအထားနှင့် ကိုက်ညီသည့်မူဝါဒရှိသည်။အီရီထရီးယားတွင်တော့ ဘာစာရင်းဇယားမှ အခိုင်အမာကိုးကားပြစရာမရှိ။လူတဦးချင်းဝင်ငွေမှာလည်း အင်မတန်နှိမ့်ကျသည်။ မြေပြင်နှင့်ကိုက်ညီသော စာရင်းဇယားများမရှိမှုက စီးပွားရေးဆိုင်ရာအစီအမံများကိုချမှတ်ရာတွင် အမှန်တကယ်လို အပ်ချက်များကိုရရှိရန် အခက်အခဲကိုဖြစ်စေသည်။


ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်-နိဂုံး
သမိုင်းကိုပြောကြခြင်းသည် ပြဿနာကို ဖြေရှင်းရာ၌ အသိအမြင်ရှိစေရန်အတွက် ဖြစ်သည်။
ဆိုရှယ်ဒီမိုကရေစီ၏ သဘောသဘာဝကို အနည်းငယ်မိတ်ဆက်ယုံမျှသာဖြစ်သည်။
နိုင်ငံအချို့၏ဖြစ်စဉ်များတွင် တစိတ်တပိုင်းပါဝင်သော ဆိုရှယ်ဒီမိုကရေစီ ၏သဘောသဘာဝများထဲမှအချက်အ လက်အနည်းငယ်အား ချပြခြင်းသာဖြ စ်သည်။
ဆိုရှယ်ဒီမိုကရက်စံကို ကိုင်စွဲထားသော အရှေ့တီမော၏ဖရတ်တလင် (FERITILIN)နှင့် အီရီထရီးယား၏ (EPLF/PFDJ)အဖွဲ့အစည်းများ၏ နိုင်ငံ ရေးလားရာမတူမှုကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
ဆိုရှယ်ဒီမိုကရေစီစံနှုန်းအပြည့်အဝရှိသော Nordic နိုင်ငံများ၏ ဖြစ်စဉ်များကိုတော့ ဆိုရှယ်ဒီမိုကရေစီမိတ်ဆက်တွင်မဖော်ပြဖြစ်ခဲ့သေးပေ။