အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်နေ

Border News Agencyမြောက်ဦး၊ မေ ၁၈။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားတွေ ဆောင်ရွက်နေကြပါတယ်။ အဲဒီဆောင်ရွက်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဦးဆောင်ပြီး အာရက္ခတပ်တော်ဆေးဌာနမှပူးပေါင်းနေကြတာဖြစ်ပါတယ်။ အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အဲဒီနယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်ပြီး...

Read more

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

Border News Agencyပုဏ္ဏားကျွန်း၊ မေ ၁၂။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီးရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းနဲ့စိုက်ပျိုးရေးခြံ စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါအပြင် အသည်းရောင်အသားဝါရောဂါတွေဖြစ်ပွားနေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှု တွေ လိုအပ်နေကြတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။...

Read more

အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးသင်တန်းခေါ်နေ

Border News Agencyမြောက်ဦး၊ မေ ၂ ။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာပြည်သူ့ကျန်းမာရေးကြီးကြပ်သင်တန်းသားတွေ ခေါ်ယူနေပါတယ်။ အဲဒီသင်တန်းသားတွေကို ဧပြီလ ၂၅ ရ က်နေ့ကစတင်ခေါ်ယူနေတာဖြစ်ပြီး မေ လ ၁၅ ရက်နေ့၊ နောက်ဆုံးထားလျှောက်ထားရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီပြည်သူ့ကျန်းမာရေးကြီးကြပ်...

Read more

ပုဏ္ဏားကျွန်းမြို့နယ်မှာ အာရက္ခပြည်သူ့အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ မတ်လ ၇ ရက်နေ့ဆေးကုသပေးနေကြပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်က အရေပြားရောဂါဖြစ်ပွားနေတဲ့အမျိုးသား ၆၀ ဦး၊အမျိုးသမီး ၁၀၄ ဦး၊စုစုပေါင်း၁၆၄ ဦးကို ဆေးကုသပေးခဲ့ပါတယ်။ အဲဒီအပြင် ကျန်းမာရေးဆိုင်ရာအသိပညာဟောပြောတာတွေ၊လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း...

Read more

မောင်တောက ဟိန္ဒူဘာသာဝင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မောင်တောမြို့က ဟိန္ဒူဘာသာဝင်တွေဟာ အရေပြားရောဂါတွေ ဖြစ်နေကြတာမို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေကြတယ် ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီအရေပြားရောဂါဖြစ်နေကြတာမှာကလေးသူငယ်တွေပိုများပြီး အလုပ်အကိုင်တွေလည်းမရှိကြတာမို့ ဝင်ငွေမရှိကြလို့ ဆေးဝါးကုသဖို့၊ဆေးဝယ်ဖို့ငွေကြေးအခက်အခဲတွေရှိနေကြတယ်လို့ဟိန္ဒူဘာသာဝင်တွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်ကို အာရက္ခတပ်တော်ကအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ပြည်သူတွေလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြသေးဘူးလို့ ဆိုကြပါတယ်။

Read more

အာရက္ခဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်အမျိုးသမီးကိုယ်ဝန်ဆောင်တွေဟာ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုကြပါတယ်။ အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာကိုယ်ဝန်ဆောင်နေကြပေမယ့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတွေ ပုံမှန်ထိုးရမယ့်ကာကွယ်ဆေးတွေမထိုးကြရဘူးလို့ ဆိုကြပါတယ်။ အဲဒီအပြင် ငွေကြေးအခက်ခဲတွေကြောင့်ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါး၊အစာအာဟာရပြည့်ဝစွာမရကြဘူးလို့လည်းဆို ကြပါတယ်။ "အခက်အခဲတွေက အများကြီးပဲ။အ လုပ်အကိုင်ကလည်းအဆင်မပြေဘူး။ အဆင်မပြေရင်လည်း အဆင်ပြေသလို ရှာကြံပြီးစားနေရတာပေါ့။...

Read more

အာရက္ခပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံတကာအကူအ ညီတွေလိုအပ်နေ

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုကျန်းမာရေးစောင့်မှုတွေအတွက် နိုင်ငံတကာအကူအညီတွေ လိုအပ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖိတ်ခေါ်သင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီနိုင်ငံတကာလူသားချင်းစာနာထော က်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံချက်တွေပေးသင့်တယ်လို့လ...

Read more

ပေါက်တောမြို့နယ်မှာ အရေပြားရောဂါဖြစ်ပွားနေသူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေး

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်မှာ အရေပြားရော ဂါအပါအဝင် ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေကြတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနက ဆေးကုသပေးနေပါတယ်။ အဲဒီပေါက်တောမြို့နယ်၊ဇီးချိုမော်ကျေးရွာနဲ့ ရွှေဝေကျေးရွာတွေမှာ အရေပြားရောဂါ၊ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးနေတာဖြစ်ပါတယ်။ အဲဒီ ရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူ၂၀၀...

Read more

အာရက္ခဒေသက စစ်ဘေးရှောင်တွေ ဆေးဝါးအကူအညီလိုအပ်နေ

အာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ "ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်" လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News...

Read more

အာရက္ခပြည်သူလူထုတရပ်လုံးစားဝတ်နေရေး၊ကျန်းမာရေး အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ကြုံတွေ့နေကြရ

စစ်ကောင်စီတပ်ကအာရက္ခဒေသတခုလုံးရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို တားဆီးကန့်သတ်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ကန့်သတ်ခံထားတာမို့ အာရက္ခပြည်သူလူထုတရပ်လုံးစားဝတ်နေရေး၊ကျန်းမာရေး အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Read more
Page 1 of 2 1 2

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here