Border News Agency
မြောက်ဦး၊ မေ ၂၀ ။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလူတွေကို ဆက်တိုင်းပြန်လွတ်ပေးနေပါတယ်။
အဲဒီမောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့သိမ်းတိုက်ပွဲတွေမှာအာရက္ခတပ်တော်ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်လက်နက်ကိုင်တွေ၊ သူတို့ရဲ့ဇနီး၊ သားသမီး၊ မိသားစုဝင်တွေကို ဆက်တိုင်းပြန်လွတ်ပေးနေတာဖြစ်ပါတယ်။
အဲဒီမောင်တောမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်ဆီ လက်နက်ချအညံ့ခံကြတဲ့စစ်ကောင်စီတပ်လက်နက်ကိုင်သုံးဆယ်နှစ်ဦးကို မေလ ၁၉ ရက်နေ့ကတဦးကိုခရီးစာရိတ်တသိန်းကျပ်စီပေးပြီးပြန်လွတ်ပေးလိုက်ပါတယ်။
အဲဒီအပြင်မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင်တွေထဲက တရာ့ရှစ်ဆယ်လေးဦးကို လည်းမေလ ၁၉ ရက်၊မနေ့က လွတ်ပေးလိုက်ပါတယ်။
အဲဒီတရာ့ရှစ်ဆယ်လေးဦးထဲမှာ မြောက်ဦးအခြေစိုက်၊အမှတ် ၅၄၀ ခြေမြန် တပ်ရင်းမှတပ်ရင်းမှူးကတော်လည်းပါဝင်ပါတယ်။
“တကယ်ပို့တော့လည်း အားလုံးရဲ့ကိုယ်စားကျွန်မတို့အားလုံးကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဒီမှာ ထ်ိန်းသိမ်းထားတဲ့ ကာလတလျှောက်လုံးမှာ AA တပ်တောကနေပြီးတော့ကျွန်မတို့မိသားစုဝင်တွေအားလုံးကို လူမှုရေး၊ စားဝတ်နေရေး နောက်တခါ ကျန်းမာရေး၊အဲဒါတွေကိုလည်း အစစအရာအရာ လိုလေသေးမ ရှိအောင် ထောက်ပံ့ပေးခဲ့ပြီးတော့သေချာဂရုစိုက်ပေးခဲ့တဲ့အတွက် မိသားစုဝင်တွေကိုယ်စား ကျွန်မကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်။” လို့ တပ်ရင်းမှူးကတော် ဒေါ်မေသူဝင်းက ပြောပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့ဘူးသီးတောင်မြို့နယ်က စစ်သုံးပန်းမိသားစုဝင်သုံးရာကျော်ကိုလ ည်း မေလ ၁၈ ရက်နေ့က ပြန်လွတ်ပေး လိုက်တယ်ပါတယ်။
အဲဒီလိုပြန်လွှတ်ပေးလိုက်သူတွေထဲမှာ ခမီ၊ မြို၊ သက်စတဲ့လူမျိုးတွေ အိမ်ထောင်စုနှစ်ဆယ်ခြောက်စု၊ လူဦးရေခြောက်ဆယ်ကိုးဦးပါဝင်သလို ရခိုင်လူမျိုးအိမ်ထောင်စုရှစ်ဆယ်တစု၊လူဦးရေနှစ်ရာလေးဆယ်ငါးဦးပါဝင်ပြီး စုစု ပေါင်းလူဦးရေးသုံးရာလေးဆယ်လေးဦးဖြစ်ပါတယ်။
အဲဒီအပြင် မင်းပြားမြို့သိမ်းတိုက်ပွဲက ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန့်မိသားစုဝင် နှစ်ရာကျော်ကို ဧပြီလ ၁၆ ရက်နေ့မှာ လွတ်ပေးလိုက်သလို ဧပြီလ ၁၃ ရက်နေ့ကလည်း စစ်သုံ့ပန့်မိသားစုဝင်တရာ့ခုနှစ်ဆယ်ဦးကို လွတ်ပေးလိုက်ပါတယ်။
အဲဒီမြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ အာ ရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းမိသားစုဝင်သုံးရာတဆယ့်လေးဦးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကပြန်လွှတ်ပေးခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေအပါအ ဝင် လူဦးတသောင်းကျော်ထိ အာရက္ခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားပြီး အခြေအနေပေါ်မူတည်ကာပြန်လွတ်ပေးမယ်လို့ ဆိုပါတယ်။