မြန်မာကပြန်လည်လက်ခံမယ့် ရိုဟင်ဂျာတစ်သိန်းရှစ်သောင်းစာရင်းကို အတည်ပြု

(ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်း / BNA)

By

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာရှစ်သိန်းထဲက တစ်သိန်းရှစ်သောင်းကို မြန်မာကပြန်လည်လက်ခံရေးအတွက် အတည်ပြုထားပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြောင်းကြားထားပါတယ်။

အဲဒီစာရင်းဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ကာလတွေမှာ မြန်မာနိုင်ငံကို အကြောင်းကြားစီစစ်စေခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ခုနှစ်သောင်းအတွက် နောက်ဆုံးအတည်ပြုချက်ကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဲဒီအချက်တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေထုတ် ဖော်ပြောကြတာဖြစ်ပါတယ်။

အဲဒီအတည်ပြုချက်ဟာ ရိုဟင်ဂျာပြဿကိုဖြေရှင်းဖို့ အဓိကခြေလှမ်းလို့ဆိုကြပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ငါးသိန်းငါးသောင်းကိုလည်း မြန်မာနိုင်ငံဘက်မှအမြန်ဆုံးစီစစ်အတည်ပြုသွားမယ်လို့
ဆိုပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၈ခုနှစ်၊ မတ် လထိ ရိုဟင်ဂျာကျေးရွားပေါင်း ၃၆၂ ရွာမီးရှုံ့ခံခဲရပြီး လူပေါင်း ၆၈၀၀၀၀ ကျော်အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရကြောင့်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Right Watch-HRW) က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာမှာ တရားစွဲဆိုထားပြီး ဖမ်းဆီးအရေးယူပေးကြဖို့ တောင်းဆိုနေကြပါတယ်။

အဲဒီမောင်တောဒေသအပါအဝင် အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here