ဂွမြို့နယ်ကို အာရက္ခတပ်တော် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေ
ဂွ၊သြဂုတ် ၁၀ ။
အာရက္ခ-ဧရာဝတီနယ်စပ်ကို ထိန်းချုပ်ဖို့ ဂွမြို့နယ်၊ကျိန္တလီမြို့နယ်ခွဲ၊ချင်းကွင်းရွာအနီးမှာ စခန်းချတပ်စွဲရှေ့တန်းခံစစ်နေရာယူထားကြတဲ့ စစ်ကောင်စီတ ပ်ဖွဲ့ဝင်တွေကို သြဂုတ်လ ၈ ရက်နေ့က စတင်ပြီး အာရက္ခတပ်တော်(AA)မှထိုး စစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဂွမြို့နယ်၊ကျိန္တလီမြို့နယ်ခွဲ၊ချင်းကွင်းကျေးရွာအနီးမှာ သြဂုတ်လ ၁၀ ရ က်၊ဒီနေ့ထိ အာရက္ခတပ်တော်နဲ့စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်
ကောင်းစီတပ်က လေကြောင်းပစ်ကူတွေ၊လက်နက် ကြီးပစ်ကူတွေနဲ့ခုခံနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဲဒီတိုက်ပွဲသို့ ဂွမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေဆီက လက်နက်ကြီးတွေ ပစ်ကူပေးနေတာမို့အနီးအနား ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲနေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုကြပါတ ယ်။
”တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်တပ်ကလက်နက်ကြီးပစ်တာတွေ၊လေယာဥ်နဲ့ဗုံးကြဲတာတွေလုပ်နေတာပါ။သေနတ်ပစ်သံတွေအနီးကပ်ကြားရမှ စစ်ဖြစ်တာကို သတိထားမိကြတာပါ။ရွာသားတွေက တော့ ထွက်ပြေးနေကြပါတယ်။”လို့ ကျိန္တလီဒေသခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီကျိန္တလီမြို့နယ်ခွဲဟာ သံတွဲမြို့နယ်နဲ့ဂွမြို့နယ်ကြားမှာ တည်ရှိပြီး အဲဒီကျိန္တလီမြို့နယ်မှာ စစ်ကော င်စီတပ်စခန်းတွေမရှိပေမယ့် သံတွဲမြို့သိမ်းတိုက်ပွဲ
ပြင်းထန်နေချိန်ကတည်းက စစ်ကောင်စီတပ်မှ စစ် သည်လက်နက်ရိက္ခာအင်အားဖြည့်တင်းပြီးခံစစ်ပြ င်ဆင်ထားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီဂွမြို့နယ်အရှေ့ဘက်မှာ ဧရာဝတီတိုင်းဒေသကြီးရှိ အင်္ဂပူမြို့နယ်၊ရေကြည်မြို့နယ်၊လေးမျက်နှာမြို့နယ်၊တောင်ဘက်မှာ ဧရာဝတီတိုင်းဒေသကြီး၊သာဘောင်းမြို့နယ်၊အနောက်ဘက်မှာ ဘင်္ဂလားပင် လယ်အော်၊မြောက်ဘက်မှာ သံတွဲမြို့နယ်နဲ့ ထိစပ်နေပါတယ်။
အဲဒီဂွမြို့အနီးမှာ တောင်ကုတ်မြို့နယ်အခြေစိုက်အ မှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက် ခံ၊အမှတ် ၅၆၂ ၊အမှတ် ၅၆၃ ခြေမြန်တပ်ရင်းနှစ်
ရင်းသာရှိပေမယ့် ဧရာဝတီတိုင်းဒေသကြီးမှတဆင့်စစ်သည်လက်နက်ဖြည့်တင်းထားသလိုမြို့အနီးပ တ်ဝန်းကျင်မှာ မြေမြုပ်မိုင်းတွေ ထောင်ထားတယ်လို့လည်း ဂွဒေသခံတွေက ဆိုကြပါတယ်။
”ဂွမှာကတပ်ရင်းနှစ်ရင်းတည်းရှိပါတယ်။အဲဒီတပ် ရင်းတွေမှာလည်းစစ်သားတွေသိပ်မကျန်တော့ပါဘူး။ဧရာဝတီးတိုင်းဖက်ကအင်အားဖြည့်ထားပါတ ယ်။ဒါပေမယ့်အေအေတကယ်တိုက်ရင်ခံနိုင်မှာမဟု တ်ပါဘူး။ဂွတပ်ကစစ်သားတွေက လက်နက်ချအညံ့ ခံမယ်သူများပါတယ်။”ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်
အနီးနေထိုင်သူတစ်ဦးက Border Ne ws Agency သို့ပြောပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီ နောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော -အငူမော်ကားလမ်းရှိ စစ်ကောင် စီတပ်ရဲ့ဒုံးပိုက်န ယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA) မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့စတင်ပြီး အာရက္ခဒေသမှာ တိုက်ပွဲတွေပြင်း ထန်စွာဖြစ်ပွားနေပြီး အာရက္ခတပ်တော်(AA)က ပေါက်တော၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊မြေပုံ၊ရသေ့တောင်၊ဘူးသီးတောင်၊ပလက်ဝမြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော် (AA)က သံတွဲ၊မောင်တော မြို့တွေကို အပြီးသတ်သိမ်းပိုက်ဖို့ထိုး စစ်ဆင်တိုက်ခိုက်နေပြီး အမ်း၊ကျော က်ဖြူ၊တောင်ကုတ်၊ဂွ၊မြို့တွေမှာလည်း တိုက်ပွဲတွေ
ဖြစ်နေသလို စစ်တွေ၊မာန်အောင်မြို့တွေမှာလည်း စစ်ရေးတင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။
အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်ဟာ ကြေး၊ရေ၊လေပူးပေါင်းခုခံနေပေမယ့် တမြို့ပြီးတမြို့လက်လွှတ်ဆုံးရှုံးနေရတာမို့ အရပ်သားပြည်သူ
တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-ကျိန္တလီမြို့နယ်ခွဲကမ်းခြေတနေရာကို ၂၀ ၂၃ ကတွေ့ရပုံ/BNA)