သံတွဲမြို့နယ်ကို အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်
Border News Agency
သံတွဲ၊စက်တင်ဘာ ၇။
အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်လေ့ကျင့်ရေးအခြေစိုက်တပ်စခန်းရှိတဲ့ သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က သြဂုတ်လ ၅ ရက်နေ့ အပြီးသတ်သိမ်း
ပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အဲဒီမောင်ရွှေလေးရွာနဲ့ကွင်းဝိုင်းရွာကြားရှိ နယ်မြေခံပင်မရေငုပ်နဲ့ဆယ်ယူရေးတပ်ကို စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၆ နာရီအချိန်မှာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာမို့ သံတွဲမြို့နယ်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီသံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်(AA)တို့ သံတွဲ-တောင်ကုတ်ကားလမ်း၊ကွေ့ချောင်း၊ရေစင်ကျေးရွာအနီးမှာ ဧပြီလ ၁၃ ရက်နေ့က ပထမဆုံးတိုက်ပွဲဖြစ်ပွားခဲ့ကြတာမို့ သံတွဲမြို့န ယ်သိမ်းတိုက်ပွဲဟာ လေးလကျော်ကြာခဲ့ပါတယ်။
အဲဒီနောက် သံတွဲမြို့နယ်မှာ ၁၁ ရက်ကြာတိုက်ပွဲတွေရပ်တန့်နေခဲ့ပြီး ဧပြီလ
၂၄ရက်နေ့မှာ ရေကောက်၊ပုရစ်ကျေးရွာအနီးမှာ တိုက်ပွဲတွေပြန်ဖြစ်ပွားခဲ့ကာ ဧပြီလ၂၆ရက်နေ့၊ရွှေလှေတံတားအနီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။
အဲဒီရွှေလှေတံတားအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဆယ်နီးပါးသေဆုံးနေတဲ့ရုပ်သံဟာ မေလ ၂၁ ရက်နေ့လူမှုကွန်ရက်ပေါ်မှာတွေ့ရပါတယ်။
ဒါပေမယ့် အဲဒီတိုက်ပွဲတွေ၊သေဆုံးဒဏ်ရာဖမ်းဆီးခံရတာတွေကို အာရက္ခတပ်တော်(AA)က သတင်းမထုတ်ပြန်ခဲ့ပေမယ့် မေလ ၄ ရက်နေ့ထုတ်ပြန်ချက်မှာ သံတွဲမြို့မှာလည်း စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်တို့ တိုက်ပွဲတွေဆက်
လက်ရှိနေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ဒေါ်ပွဲခုံကျေးရွာအနောက်မြောက်ဘက် သုံးကီလိုမီတာအ
ကွာနဲ့ ဂေါ့တောင်တန်းအနီးမှာ ဇွန်လ ၂ ရက်နေ့မှ ၃ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီနေရာတွေဟာ သံတွဲမြို့နယ်၊ငပလီ(မဇင်)လေယာဉ်ကွင်း
အနောက်မြောက်ဘက် ၂.၆ ကီလိုမီတာနဲ့၆.၅ ကီလိုမီတာခန့်သာကွာဝေးတ
ယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ရေတပ်စစ်သင်္ဘောသုံးစင်းကလက်နက်ကြီးပစ်ကူတွေပေးခဲ့သလို လေကြောင်းပစ်ကူတွေနဲ့အတူ ရေတပ်အထူးတပ်ဖွဲ့ဝင်တွေလည်း ခုခံတိုက်ခိုက်ခဲ့ကြပေမယ့် စစ်ကောင်စီရေတပ်အမြန်ရေယာဥ်
တစ်စင်းကိုနစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့သလို အလောင်းတွေ၊လက်နက်ခဲယမ်းတွေ၊စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ရေစင်ကျေးရွာ(ရီစင်)နဲ့ဂွေ့ချောင်းကျေးရွာကြားမှာ စစ်ကောင်
စီတပ်ရဲ့ အမှတ် ၅၆ ခြေမြန်တပ်ရင်းနဲ့ အာရက္ခတပ်တော်တို့ ဧပြီလ ၁၃ ရက်နေ့
၊နံနက် ၆ နာရီ ၁၀ မိနစ်မှာ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ပြီးသံတွဲမြိုသိမ်းတိုက်
ပွဲစတင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ဇူလိုင်လ၇ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ငပလီမြို့သံတွဲလေ ဆိပ်အနီးရှိ အမှတ် ၅၆၆ ခြေမြန်တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ကမ္ဘာကျော်ငပီကမ်း
ခြေအနီးရှိ ငပလီ(မဇင်)လေ ဆိပ်ကို ဇူလိုင် လ ၆ ရက်နေ့၊နံနက် ၁၁နာရီခန့်မှာအာရက္ခတပ်တော်(AA)ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးလေဆိပ်ကိုထိန်း
ချုပ်လိုက်နိုင်ခဲ့ပါတယ်။
အဲဒီသံတွဲမြို့နယ်၊ငပလီမြို့အခြေစိုက်စစ်ကောင်စီတပ်ရဲ့အမှတ် ၅၅ ခြေလျင်
တပ်ရင်းကိုလည်း ဇူလိုင်လ ၉ ရက်၊နံ နက် ၉ နာရီ ၄၅ မိနစ်အချိန်မှာ အာရက္ခတပ်တော်(AA)မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ရေတပ်ပင်မရေငု ပ်နဲ့ ဆယ်ယူရေးတပ်စခန်းပတ်ဝန်းကျင်ကိုလည်း အာရက္ခတပ်တော်(AA)က ဩဂုတ်လ ၇ ရက်နေ့စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တလနီးပါးအကြာ စက် တင်ဘာလ ၅ ရက်နေ့၊ညနေ ၆ နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြ စ်ပါတယ်။
အဲဒီသံတွဲမြို့နယ်သိမ်းတိုက်ပွဲမှာ မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့အခြေစိုက်အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ အမှတ် ၂၃၅ခြေလျင်တပ်ရင်း၊အမှတ်၂၅၁ခြေလျင်တပ်ရင်း၊အမှတ်၂၅၂ခြေလျင်တပ်ရင်း၊အမှတ် ၂၅ ၃ ခြေလျင်တပ်ရင်း၊အမှတ် ၂၅၄ခြေလျင်တပ်ရင်း၊အမှတ်၂၅၅ခြေလျင်တပ်ရင်း၊အမှတ်၂၅၆ခြေလျင်တပ်ရင်း၊အမှတ် ၂၅၇ ခြေလျင်တပ်ရင်း၊အမှတ် ၂၅၈ ခြေ
လျင်တပ်ရင်း၊အမှတ် ၂၅၉ခြေလျင်တပ်ရင်းတွေလည်း လာရောက်ပူးပေါင်းခု
ခံတိုက်ခိုက်ခဲ့ကြတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
အဲဒီအပြင်မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့အခြေစိုက် အမှတ် ၉၉ ခြေမြန်
တပ်မဌာနချုပ်လက်အောက်ခံအမှတ် ၃၁၅ ခြေမြန်တပ်ရင်း၊စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့အခြေစိုက်၊အမှတ်၁၀စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
လက်အောက်ခံမော်လိုက်မြို့နယ်အခြေစိုက် အမှတ် ၃၆၆ ခြေမြန်တပ်ရင်း၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်တပ်ရင်းတချို့၊စစ်ကောင်စီတပ်ရဲ့သံတွဲဒေသခံပြည်သူ့စစ်တပ်ရင်းတချို့အပါအဝင် ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ အာရက္ခတပ်တော်(AA)က ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ၁၃ရက်နေ့ကမောင်တောအငူမော်ကားလမ်းရှိစစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး ပလက်ဝဒေသအပြင် ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲမြို့တွေကို အာရက္ခတပ်တော်(AA)ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားသလို မောင်တောမြို့ကိုလည်း အပြီးသတ်သိမ်းပိုက်ခါနီးနေပြီဖြစ်ပါတယ်။
အဲဒီအပြင် အမ်း၊ဂွ၊ကျောက်ဖြူ၊စစ်တွေမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်
ပွားပြီးစစ်ရေးတင်းမာမှုတွေဖြစ်နေကာ မာန်အောင်မြို့နယ်မှာတော့ စစ်ကော
င်စီတပ်က စစ်သည်လက်နက်ရိက္ခာအင်အားဖြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။
Photo-AA