တောင်ကုတ်မြို့နယ်ကိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

By

တောင်ကုတ်မြို့နယ်ကိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ
Border News Agency
တောင်ကုတ်၊နိုဝင်ဘာ ၄။
အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိရာ တောင်ကုတ်မြို့နယ်ကို သိမ်း ပိုက်ဖို့ တောင်ကုတ်မြို့အဝင် ရှေ့ ကာကင်းတွေကို နိုဝင်ဘာလ ၃ ရက်နေ့ကစတင်ပြီး နိုဝင်ဘာလ ၄ ရက်၊ဒီနေ့ထိ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီးလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့အခြေစိုက်၊အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ပန်းမြောက်တောင်အမြောက်ကုန်းအထိုင်စခန်းကို အောက်တိုဘာလ ၃၁ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်(AA)မှ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့အဝင် ကိုင်းရှည်တံတားမှာ ဘန်ကာကြီးတွေတည်ဆောက်ပြီး အခိုင်အမာနေရာယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ရှေ့ကာကင်းကို အာရက္ခတ ပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
”ကိုင်းရှည်တံတားကာကင်ကို တပ်တော်ကစပြီးထိုးစစ်ဆင်နေပါတယ်။စစ် သားတွေသေဆုံးဒဏ်ရာရသူတွေအ များကြီးလို့ကြားပါတယ်။စစ်တပ်ကတော့လက်နက်ကြီးတွေပစ်၊လေယာဥ်နဲ့လာပစ်လုပ်နေပါတယ်။”လို့ တောင်ကုတ်ဒေသခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအပြင် တောင်ကုတ်တက္ကသိုလ်မှာ လက်နက်ကြီးအထိုင်ချထားပြီး အခိုင် အမာနေရာယူခုခံနေကြတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဝင်ရောက်တို က်ခိုက်တာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ အ များအပြားပြုလုပ်ခုခံနေတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
နောက်ပြီး နေပူတောင်စီမံကိန်းရှိပြီးတောင်ကုတ်မြို့ကိုစိုးမိုးရေးစစ်ရေးဗျူအရအရေးပါတဲ့ပန်းမြောက်တောင်အမြောက်တပ်အထိုင်စခန်းကိုလည်း ဆက်လ က်ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊လေ ကြောင်းပစ်ကူတွေ အများကြီးပြုလုပ်ခုခံနေတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီပန်းမြောက်တောင်ဟာ တောင်ကုတ်မြို့အရှေ့မြောက်ဘက်ခုနှစ်မိုင်ခန့်အ ကွာမှာတည်ရှိပြီး အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ရှေ့တန်းခံစစ်ဗျူ ဟာအဖြစ် ဘုရားတောင်ကုန်မှာ အမြောက်ကြီးတွေ တပ်ဆင်ကာအထိုင်းချ အခိုင်အမာခံစစ်ပြင်ထားတာလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ပြောကြပါတယ်။
အဲဒီတိုက်ပွဲမှာလက်နက်ကြီးတွေနဲ့နှစ်ဘက်အပြန်အလှန်ပစ်ခတ်ကြသလိုစစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေပေးခဲ့ပြီး လက်နက်ကြီးသံတွေ၊လေ ကြောင်းပစ်ခတ်သံတွေကို ဆူညံစွာကြားခဲ့ကြရတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
”ပန်းမြောက်တောင်က လက်နက်ကြီးစခန်းကိုတပ်တော်ကတိုက်နေတုန်းပါ။စစ်တပ်ကတိုက်လေယာဥ်တွေနဲ့ လာပစ်ပါတယ်။တပ်မကလက်နက်ကြီးတွေနဲ့လည်းပစ်ပါတယ်။”’လို့ တောင်ကုတ်မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီပန်းမြောက်တောင်ဟာ အမ်းရိုးမတောင်တန်းကြီးရဲ့တောင်စွယ်ဖြစ်ပြီး တေ ာင်ကုတ်မြို့ကို အပေါ်ကလှမ်းမြင်နေရတာမို့ တောင်ကုတ်မြို့ကို စိုးမိုးထိန်းချု ပ်ရေးအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ခံစစ်ဗျူဟာအမြောက်တပ်အ ထိုင်ခန်းဖြစ်တယ်လို့လည်း တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိရာတောင်ကုတ်မြို့နယ်ဟာ အမ်းရိုးမတောင်ခြေနားမှာတည်ရှိပြီး ရခိုင်ကနေတခြားဒေသသို့ကားလမ်းထွ က်ပေါက်ရှိပေမယ့် အဲဒီကားလမ်းတလျှောက်နေရာအများစုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ပိတ်ဆို့ထားပြီလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာ စစ်သည်အင်အားနည်းပါးနေပြီး စစ်ကူလာမယ့်လမ်းကြောင့်အားလုံးကိုလည်း အာရက္ခတပ်တော်(AA)က ထိန်းချုပ်ပိတ်ဆို့ထားပြီမို့ အဲဒီပန်းမြောက်တောင်မှာ လက်နက်ကြီးတွေအထိုင်ချခံစစ်ဆင်ထားတာလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် တောင်ကုတ်မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော် ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်တာဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ သေချာသွားတာမို့ နောက် ထပ်မြို့သိမ်းတိုက်ပွဲစတင်တာလို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
”တောင်ကုတ်မှာ စကခ ၅ ရှိပေမယ့်တပ်နည်းပါတယ်။စစ်သည်အင်အားလည်းနည်းပါတယ်။အမြောက်တပ်တွေ၊ရှေ့ကာကင်တွေအသစ်တည်အင်အားတိုးထားပေမယ့်ကြားရှည်ခုခံနိုင်ကြမှာမဟုတ်ပါဘူး။တောင်ကုတ်ကအထိုင်တပ်တွေကလည်းအရင်ကတည်းက အင်းအားပြုန်းတီးနေကြတာပါ။တောင်ကုတ်ကဂွထက်တောင်မြန်သွားနိုင်ပါတယ်။”လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်မှာ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပြင် အမှ တ် ၃၄၆ ခြေမြန်တပ်ရင်းနဲ့အမှတ်၅၄၄ ခြေမြန်တပ်ရင်းတို့တည်ရှိနေပေမယ့် အဲ ဒီအထဲက အမှတ် ၃၄၆ ခြေမြန်တပ်ရင်းဟာ ကဇုကိုင်းဗျူဟာသိမ်းတိုက်ပွဲမှာ သေဆုံးဒဏ်ရာရသူတွေများခဲ့တာမို့ တပ်စောင့်လောက်သာကျန်နေပြီလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ခုခံကာကွယ်ဖို့ ပန်းမြောက်တောင်အပြင် တပ်ဦးတောင်နေရာတွေမှာ လက်နက်ကြီးအထိုင်စခန်းတွေချပြီး ဇွန်လ ၈ ရက်နေ့ကတည်းက အာရက္ခတပ်တော်(AA) လာရောက်တိုက်ခိုက်မယ့်ထင်တဲ့နေရာတွေကို ပစ်ခတ်မှုတွေပြုလုပ်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
နောက်ပြီး တောင်ကုတ်မြို့နဲ့ ရှစ်မိုင်ခန့်အကွာ တောင်ကုတ်-အမ်းကားလမ်းမကြီးပေါရှိ ရွှေကွမ်းစမ်းတံတားကိုလည်း ဇွန်လ ၁၃ ရက်နေ့ကနည်းက စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးထားလိုက်သလို မြို့အဝင်အထွက်အားလုံး ကို ပိတ်ဆို့ထားပြီး ဧည့်စာရင်းစစ်တာတွေ၊လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေပြုလုပ်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်ရှိ တောင်ကုတ်-အမ်းကားလမ်း၊တောင်ကုတ်-ပန်းတောင်ကားလမ်း၊တောင်ကုတ်-သံတွဲကားလမ်းတွေကို အာရက္ခတပ်တော်ကထိန်းချုပ်ပိတ်ဆို့ထားပြီဖြစ်သလို ရေလမ်းထွက်ပေါက်နေရာတွေကို လ ည်း ထိန်းချုပ်ထားတာမို့ ကလိန်တောင်မြစ်ဝထိ တပ်ဆုတ်ထွက်ပြေးဖို့မလွယ်ဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တောင်ကုတ်မြို့ န ယ်နေရာအနှံ့အပြားကို လေယာဥ်တွေနဲ့ကင်းထောက်တာတွေပြုလုပ်နေသလိုတိုက်လေယာဥ်တွေလည်း လာရောက်ပျံသန်းပစ်ခတ်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊အမှတ် ၉ စစ်ဆင် ရေးကွပ်ကွဲမှုဌာနချုပ်တို့ အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကာ တောင်ကုတ်မြို့နယ်အခြေစိုက်၊အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီရင်တော့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်သုံးခုစလုံးကျရှုံးသွားမှာ ဖြစ်ပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်မှာ နည်းဗျူဟာသုံးခု၊ခြေမြန်တပ်းရင်းဆယ်ရင်းရှိပြီး စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ ကဇုကိုင်းဗျူ ဟာလည်းတခုအပါအဝင်ဖြစ်ပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်မှာ တောင်ကုတ်မြို့ နယ်အခြေစိုက်အမှတ် ၃၄၆ ခြေမြန်တပ်ရင်း၊အမှတ် ၅၄၄ ခြေမြန်တပ်ရင်း၊အ မ်းမြို့နယ်အခြေစိုက်အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၂ ခြေမြန်တပ်ရ င်း၊အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ကျောက်ဖြူမြို့နယ်အခြေစိုက် အမှတ် ၅၄၂ ခြေမြန်တပ်ရင်း၊အမှတ် ၅၄၃ ခြေမြန်တပ်ရင်း၊ဂွမြို့နယ်အခြေစိုက်အမှတ် ၅၆ ၂ခြေမြန်တပ်ရင်း၊အမှတ် ၅၆၃ခြေမြန်တပ်ရင်း၊သံတွဲမြို့နယ်အခြေစိုက်အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတို့ဖြစ်ပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံခြေမြန်တပ်ရင်းတ ချို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သလို တောင်ကု တ်မြို့ကို ကုန်းလမ်းကစစ်ကူလာမယ့်သံတွဲမြို့ကိုလည်း အပြီးသတ်သိမ်းပိုက်ထားပြီး အမ်းမြို့ကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တောင်ကုတ်မြို့ဟာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ခံထားရပြီလို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here