Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
စစ်ဘေးရှောင် သတင်း အမျိုးသမီးကဏ္ဍ

အာရက္ခဒေသမှာ အမျိုးသမီးအများစု စစ်ဘေးရှောင်နေကြရ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter
အာရက္ခဒေသမှာ အမျိုးသမီးအများစု စစ်ဘေးရှောင်နေကြရ
Border News Agency
မောင်တော၊နိုဝင်ဘာ ၁၉။
အာရက္ခအဆုံးအဖြတ်စစ်ပွဲတစ်နှစ်အတွင်းမှာ အမျိုးသမီးအများစု စစ်ဘေးရှောင်နေကြရတာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HD CO)မှ နိုဝင်ဘာလ ၁၈ ရက်၊မနေ့က ထုတ်ပြန်တာမှာ တွေ့ရပါတယ်။
အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ပလက်ဝဒေသအ ပါအဝင် အာရက္ခဒေသနေပြည်သူတွေဖြစ်ကြပြီး အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့မှ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ထိဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ဦးရေငါးသိန်းငါးသောင်းကျော်ရှိပြီး အဲဒီအထဲကသုံးသိန်းခြော က်သောင်းနီးပါးဟာ အမျိုးသမီးတွေဖြစ်ကြတာမို့ စစ်ဘေးရှောင်ဦးရေရဲ့ငါးဆယ့်ခုနှစ်ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြတာကို တွေ့ရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နေတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ စားဝတ်နေရေး၊ကျ န်းမာရေးစတဲ့အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှာင်အမျိုးသမီးတွေက ဆိုကြပါတယ်။
“ထမင်းတနပ်စားရဖို့အရေး ကျမရင်ထဲမှာ မခံစားနိုင်ဘူး။ကျမစိတ် တရက်မှမအေးချမ်းဘူး။ကျမခန္ဓာကိုယ်ပဲ ကြည့်ပါတော့။စားရေးသောက်ရေးက လုံးဝအ ဆင်မပြေဘူး။ကျမတို့ဘဝကသေတာလောက်မထူးတော့ပါဘူး။ကိုယ့်ရွာကိုပဲ ပြန်သွားချင်တဲ့စိတ်က အမြဲဖြစ်နေပါတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာပေါက်တောမြို့နယ်မှာ ၆၅၇၈၉ဦး၊ရသေ့တောင်မြို့နယ်မှာ ၄၅၆၇၇ ဦး၊ ပလက်ဝမြို့ နယ်မှာ ၂၅၄၃၇ဦး၊ဘူးသီးတောင်မြို့နယ်မှာ ၂၄၅၆၄ဦး၊မြောက်ဦးမြို့နယ်မှာ ၂၃၄၅၆ဦး၊ပုဏ္ဏားကျွ န်းမြို့န ယ်မှာ ၂၀၃၄၅ဦး၊သံတွဲမြို့နယ်မှာ ၁၉၈၄၆ဦး၊ရမ်းဗြဲမြို့နယ်မှာ ၁၈၆၇၅ ဦးဖြစ်ကြပါတယ်
အဲဒီအပြင်ကျောက်တော်မြို့နယ်မှာ ၁၅၆၈၉ ဦး၊မင်းပြားမြို့နယ်မှာ ၁၄၃ ၅၆ဦး၊မြေပုံမြို့နယ်မှာ ၉၇၅၃ဦး၊ဂွမြို့ နယ်မှာ ၈၇၄ ၃ဦး၊မောင်တောမြို့နယ်မှာ ၇၆၅၄ ဦး၊တောင်ကုတ်မြို့နယ်မှာ ၅၆၄၃ ဦး၊ကျောက်ဖြူမြို့နယ်မှာ ၃၄ ၅၆ဦး၊အမ်းမြို့နယ်မှာ ၂၃၄၅ ဦးဖြစ်ပါတယ်။
အဲဒီစစ်ဘေးရှောင်အမျိုးသမီးတွေဟာပေါက်တောမြို့နယ်မှာ ၆၅၇၈၉ ဦးနဲ့အများဆုံးဖြစ်ကြပြီး အမ်းမြို့နယ်မှာ စစ်ဘေးရှောင်အမျိုးသမီး ၂၃၄၅ ဦးနဲ့အနည်းဆုံးဖြစ်ကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင် ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ မြို့တွေကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့မြို့တွေမှာအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပေမယ့် စစ်ဘေးရှောင်တွေကို ထိထိရောက်ရောက်ဆောင်ရွက်မပေးနိုင်သေးတာမို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။
“အန်တီတယောက်တည်းမဟုတ်ပါဘူး။သုံးဆယ့်ခုနှစ်ရွာစလုံးဒုက္ခရောက်နေကြပါတယ်။အကုန်လုံးက ဒုက္ခနဲ့ကြုံတွေ့ပြီး ဘဝကိုငြိမ်းငွေ့နေကြပါတယ်။ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေကြတာမို့ ကူညီပေးကြပါ။’လို့ အာရက္ခပြည်သူ့အ စိုးရထိန်းချုပ်အောက်ရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီအပြင် မောင်တော၊တောင်ကုတ်၊အမ်း၊ဂွ မြို့တွေလည်းကို အပြီးသတ်သိမ်း ပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် မြို့တွေကိုလည်း ပိတ်ဆို့တားပြီလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး အရက္ခဒေသတခုလုံးရှိ ကုန်းလ မ်း၊ရေလမ်းအားလုံးကို စစ်ကော င်စီတပ်က တားဆီးကန့်သတ်ပိတ်ဆို့ထားသ လို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ကန့်သတ်ခံထားတာမို့ စားဝ တ်နေရေး၊ကျန်းမာရေးအပါအဝင် အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်ကြုံ တွေ့နေကြရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအရေးတကြီးလိုအပ်နေကြပြီးအ ဝတ်အထည်တွေ၊စောင်တွေ၊ခြင်ထောင်တွေလည်း လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။
“ဒီကိုလာတဲ့အခါ ဘာမှပါမလာဘူး။အဝတ်တွေလည်းမပါဘူး။ကလေးတွေကအခုချမ်းနေပြီ။ချမ်းတဲ့အချိန်ခြုံဖို့ စောင်လည်းမပါဘူး။ဘာမှမပါဘူး။”လို့ မောင်တောမြို့နယ်မှစစ်ဘေးရှောင်မွတ်ဆလင်အမျိုးသမီးတစ်ဦးက Bord er News Agency သို့ ပြောပါတယ်။
အာရက္ခဒေသမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေရှိနေသေးသလို တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာမို့ ဝင်ငွေရမယ့်အလုပ်တွေ မလုပ်နိုင်ကြဘူးလို့ စစ်ဘေးရှောင်အမျိုးသမီးတွေက ဆိုကြပါတယ်။
အာရက္ခဒေသဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အိန္ဒိယနိုင်ငံတွေနဲ့နယ်နိမိတ်ချင်းဆက်စပ်နေကြတာမို့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထော က်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားရေးအကူအညီပေးမှုတွေပြုလုပ်ပေးသင့်တယ်လို့ အာရက္ခပြည်သူတွေနဲ့အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။
အာရက္ခဒေသသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံက မုန့်၊ဆေးဝါး၊လူသုံးကုန်းပ စ္စည်းတချို့သာ တရားမဝင်ဝင်ရောက်နေပေမယ့် စျေးတွေအဆမတန်ကြီးနေသလို စစ်ဘေးရှောင်တွေ၊အရပ်သားပြည်သူတွေမှာ ပုံမှန်ဝင်ငွေမရှိကြတာမို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေ၊အာရက္ခပြည်သူတွေကို ပုံမှန်ဝင်ငွေရနိုင်မယ့်အလုပ်အ ကိုင်အခွင့်အလမ်းတွေကို ကမ္ဘာ့ကု လသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချ င်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေ ဖန်တီးပေးကြဖို့ တောင်းဆိုနေကြသလို စိုက်ပျိုးရေး၊မွေးမြူရေးတွေပြုလုပ်ကြဖို့လည်းကူညီထောက်ပံ့ပေးကြဖို့ တောင်းဆိုနေကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း ကမ္ဘာ့ကုလသမဂ္ဂအပါအ ဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို ဘေးကင်းလုံခြုံမှုတွေပေးပြီးပူးပေါင်းဆောင်ရွက်ကာ အာရက္ခပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေရယူကူညီသင့်တယ်လို့လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။
PrevPreviousစစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေ လိုအပ်နေ
Nextအာရက္ခဒေသမှ စစ်ဘေးရှောင်ကလေးသူငယ် ခုနှစ်သောင်းနီးပါး အကူအညီတွေလိုအပ်နေNext
Previous Post

စစ်ဘေးရှောင်အမျိုးသမီးတွေ အကူအညီတွေ လိုအပ်နေ

Next Post

အာရက္ခဒေသမှ စစ်ဘေးရှောင်ကလေးသူငယ် ခုနှစ်သောင်းနီးပါး အကူအညီတွေလိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

Releated Post

မိုးကုတ်ကို စစ်ကော်မရှင်တပ်ထပ်ပြီးလေကြာင်းတိုက်ခိုက်လို့ အမျိုးသားတဦးဒဏ်ရာရ

August 18, 2025

“စစ်ဘေးရှောင်တခုတည်း ကျပ်တည်းတာမဟုတ်ပါဘူး။”

August 18, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားငါးဦးသေဆုံး

August 18, 2025

မော်ချီးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနှစ်ဆယ့်ငါးဦးသေဆုံး

August 18, 2025

ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲစလုပ်မယ်လို့ UEC ကြေညာ

August 18, 2025

သီပေါကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရ

August 18, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page