အာရက္ခနယ်ခြားက မိုးထိတောင်စခန်းကို အာရက္ခတပ်တော်သိမ်းပိုက်

Photo – AA

By

အာရက္ခ-ပဲခူးနယ်ခြား တောင်ကုတ်မြို့နယ်အပိုင်က စစ်ကောင်စီတပ်ရဲ့မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။

အဲဒီအာရက္ခရိုးမတောင်တန်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော်က ​ဇန်နဝါရိီလ၂၁ ရက်၊၆ နာရီ ၃၀ မိနစ်အချိန်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးငါးရက်အကြာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်အသုံးအဆောင်ပစွည်းတွေ၊ လက်နက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတောင်ကုတ်မြို့နယ်ကို အာရက္ခရက္ခတပ်တော်မှ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၄ ရက်နေ့က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြ စ်နေတာမို့ စစ်ကောင်စီတပ်က အရပ် သားပြည်သူနေရာတွေကို ရည်ရွယ်ချ က်ရှိရှိ လက်နက်ကြီးပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here