ဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

ဓာတ်ပုံ – စစ်ဘေးရှောင်ကူညီရေးပူး ပေါင်းအဖွဲ့ဂွမြို့နယ်။

By

(ဂွမြို့နယ်တွင် စစ်ကျန်လက်နက်​ကြောင့် ထိခိုက်သူဒါဇင်နဲ့ချီရှိလာ)

ဂွမြို့နယ်မှာ ​ဖေ​ဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ဗုံးကို ဆော့ကစားရာမှာပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ အသက် ၅ နှစ်အရွယ်ကလေးငယ် တစ်ဦး၊အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦး တို့သေဆုံးသွားခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီ သေဆုံးသွားသူတွေကို ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကို သဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ဆေးကုသမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

ဂွ မြို့နယ်မှာ စစ်​ကောင်စီတပ်က သူတို့ တပ်စွဲခဲ့တဲ့​နေရာ​တွေမှာ စွန့်ပစ်မိုင်း​တွေ ချန်ထားခဲ့ပြီး ယင်း မိုင်း​တွေ ဗုံးသီး​တွေ​ကြောင့် ထိခိုက်​သေဆုံးသူ​တွေ ခပ်စိတ်စိတ်ရှိလာ​နေတယ်လို့ ​ဒေသခံ​တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ် ကင်းပုံရွာက အသက် ၄ နှစ်အရွယ်က​လေးတစ်ဦးဟာ ဖခင်ယူလာတဲ့ စစ်ကျန်ဗုံးသီးကို ထုခွဲကစားစဥ် ​ပေါက်ကွဲပြီး ​သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဂွမြို့နယ် ဂျိုင်ကောက်ရွာသားအသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး နွားကျောင်းနေစဉ် မှာ မိုင်းနင်းမိလို့ ခြေတစ်ဖက်ဆုံးရှုံးခဲ့သလို ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ကုလားပြင်ရွာသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဟာ စပါးရိတ်သိမ်းဖို့ လယ်ကွင်းထဲ ဆင်းစဉ် မိုင်းနင်မိလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

ဂွမြို့နယ်စစ်ပွဲကာလအတွင်း စစ်ကျန်မိုင်း​ကြောင့် ထိခိုက် သေဆုံးသူ (၅)ဦး၊ ဒဏ်ရာရှိသူ(၇)ဦးစုစုပေါင်း(၁၂)ဦးထိ ရှိလာပြီဖြစ်တယ်လို့ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က သိရပါတယ်။

ဒါ့အပြင်မောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခံပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာစစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊နေဗီတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းတွေ၊မြေမြုပ်မိုင်းတွေ၊စစ်ကျန်လက်နက်တွေနဲ့အာရက္ခပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်တာတွေနေ့စဥ်ရက်ဆက်ပြု လုပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွ က် ဟောပြောပွဲတွေကိုပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်အသိပညာပေးလက်ကမ်းစာစောင်တွေကိုဖြန့်ဝေတာတွေ၊မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊စစ်ကျန်လက် နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊မိုင်းအသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here