ရန်ကုန်ရောက် ချင်းလူမျိုးစစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

(ဓာတ်ပုံ – ရန်ကုန်မှာ စစ်ဘေးရှောင်တွေငှားရမ်းနေတဲ့နေရာကိုတွေ့ရပုံ / BNA)

By

ရန်ကုန်ကို စစ်ဘေးရှောင်ရောက်ရှိနေကြတဲ့ ချင်းလူမျိုးစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီလိုစစ်ရှောင်လာကြတာ တနှစ်ခန့်ကြာလာပြီမို့ ပါလာတဲ့ငွေကြေးတချို့နဲ့ ရွှေထည်ပစွည်းတွေကို ရောင်းချစားသောက်ခဲ့ကြပြီး လက်ရှိမှာ ကြုံရာကျပန်းအလုပ်တွေနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ရန်ကုန်မြို့ရှိနေရာတချို့မှာ အိမ်ငှားပြီး နေထိုင်နေကြသလို ဆွေမျိုးအိမ်တွေမှာနေကြသူတွေလည်းရှိကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

ရန်ကုန်မြို့အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ကုန်စျေးနှုန်းတွေမြင့်တက်နေတာမို့ ရန်ကုန်ရောက်စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ရ င်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ကုန်စျေးနှုန်းတွေက နှစ်ဆ၊သုံးဆတ က်သွားတယ်။ ကိုယ့်မှာပါလာတဲ့ ပစွည်းတွေကိုထုခွဲရောင်းချပြီးစားဝတ်နေရေးကိုဖြေရှင်းရတယ်။ ခုဒီကိုရောက်တာတ နှစ်ရှိပြီ။ရောင်းချဖို့ပစွည်းတွေလည်း မရှိတော့ဘူး။ ခုကျမတို့မှာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်ပါတယ်။ခု ရခိုင်ကို ပြန်ဖို့ကလည်း ရခိုင်မှာက အခြေအနေက စိတ်မချရသေးဘူး။” လို့ ရန်ကုန်ကိုစစ်ဘေးရှောင်နေတဲ့ မင်းပြားမြို့နယ်မှအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ကျန်းမာ ရေးစောင့်ရှောက်မှုတွေအပါအဝင်အခ က်အခဲပေါင်းစုံနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ရန်ကုန်မှာ အသက်ရှင်ရပ် တည်ဖို့ စိန်ခေါ်မှုတွေ အများကြီးကြုံ တွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

နောက်ပြီး ငွေကြေးအခက်အခဲတွေကြောင့် ဆေးဝါးမကုသနိုင်လို့ အသက်ဆုံးရှုံးသွားသူတွေလည်းရှိတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

“ကျမသမီးက ရခိုင်မှာစစ်ရှောင်နေရင်း ရောဂါဖြစ်ပါတယ်။ဒီလိုနဲ့ တိုက်ပွဲတွေကြားကနေ ရန်ကုန်ကိုသွားခဲ့တယ်။အဲမှာ ဆေးကုတယ်။သူများဆီက ချေးပြီးဆေးကုတယ်။ဒါပေမယ့် ဆေးကုရင်းတလလောက်နေတော့ ပိုက်ဆံလ ည်းမလိုက်နိုင်တော့ အသက်ဆုံးရှုံးသွားတယ်။” လို့ ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခပြည်သူတွေဟာ ရန်ကုန်အပါအဝင် နေ ရာဒေသအများအပြားသို့ စစ်ဘေးရှော င်ရောက်ရှိသွားကြပြီး အဲဒီစစ်ဘေးရှောင်တွေကို စစ်ကောင်စီက နိုင်ငံသားအခွင့်အရေးချိုးဖောက်တာတွေကျူးလွန်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နေရာတွေရှိစစ်ဘေးရှောင်တွေကို တလမှာ လူတဦးကိုကျပ်နှစ်သောင်းကျစီထောက်ပံ့ပေးမယ်ဆိုပေမယ့် လက်ခံရရှိတဲ့စစ်ဘေးရှောင်တွေ မရှိသလောက်နည်းပါးတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here