အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ သင်္ကြန်ကာလအတွင်း အာရက္ခပြည်သူတွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို အာရက္ခပြည်သူတော်လှ န်ရေးအစိုးရက ဧပြီလ ၃ ရက်၊ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကားတွေမှာ လူတွေ အများကြီးစီးပြီးမြို့ပေါ်တွေလှည့်ပတ်ရေကစားတာတွေမလုပ်ရသလို မြို့တွေ၊ရွာတွေကိုကခုန်လှည့်ပတ်ရေမလောင်းရဘူးလို့ဆိုပါတယ်။
အဲဒီအပြင် သင်္ကြန်မဏ္ဍပ်တွေမှာ ရေကစားတာတွေ၊လူစုလူဝေးဖြစ်စေတဲ့ ရှိုးပွဲတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလဆောက်တည်တာတွေ၊ အလှူအတန်းပြုလုပ်တာတွေကို လူစုလူဝေးတွေနဲ့မလုပ်ရဘူးလို့လည်း ဆိုပါတယ်။
နောက်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးကိုလေးစားလိုက်နာပြီး မြို့၊ရွာတွေမှာဆော င်းဘောက်တွေနဲ့ ဆူဆူညံညံမလုပ်ရ၊လူမှုပတ်ဝန်းကျင်ကို အသံ၊အပြုအမူတွေနဲ့အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေကိုမလုပ်ရဆိုပြီး စည်းကမ်းချက် ၆ ချက်ထုတ်ပြန်တာဖြစ်ပါတယ်။
အဲဒီစည်းကမ်းသတ်မှတ်ချက်တွေကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဦးဆော င်လုပ်ကိုင်နေတဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေက အာရက္ခပြည်သူတွေကို အကျိုး အကြောင်းရှင်းပြတာမျိုးတွေ၊မေတ္တာရပ်ခံတာတွေပြုလုပ်ရမှာဖြစ်ပြီးတော့ ပြည်သူတွေကလည်းအခြေအနေတွေကိုနားလည်ပြီး စည်းကမ်းချက်တွေကိုလိုက်နာကြဖို့လို့လည်း ဆိုထားပါတယ်။
အာရက္ခပြည်သူတွေအနေနဲ့ စည်းကမ်းချက်တွေကိုလိုက်နာမှုရှိမရှိ၊သက်ဆိုင် ရာတာဝန်ရှိသူတွေက စောင့်ကြည့်သွားမယ်လို့လည်း ဆိုပါတယ်။