တောင်ကုတ်မြို့နယ်မှာ စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေ၊ တဦးဒဏ်ရာရ

ဓာတ်ပုံ – APM

By

တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၄ ရက်၊ ဒီနေ့နေ့လည်က စစ်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတဦးသေဆုံးသွားပြီး တဦးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ကျေးရွာကအသက်ဆယ့်သုံးနှစ်အရွယ် မောင်မင်းခန့်စိုးသေဆုံးသွားသလို ရန်ခေါ်ရွာအုပ်စုမကျည်းကုန်းကွက်သစ်က အသက်ဆယ့်တစ်နှစ်အရွယ်ရှိုင်းထက်အောင်ဟာ ခန္တာကိုယ်တခုလုံးမှာဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

သူရို့နှစ်ဦးဟာ ဒီနေ၊ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က ကျောင်းကအပြန်မှာ တောင်ကုတ်မြို့အခြေစိုက် ခမရ ၅၄၄ တပ်ရင်းအနီးကကောက်ယူလာတဲ့ဗုံးသီးကိုထုကစားရာမှာ ခုလိုသေဆုံး၊ ဒဏ်ရာရသွားကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်းမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအသိပညာပေးမှုတွေကို မကြာခဏပြုလုပ်နေသလို မြေမြင်တွေမှာလည်း မြေမြုပ်မိုင်းအန္တရာယ်အတွက်ဟောပြောပွဲတွေကိုပြည်သူလူထုတွေကြားမှာလုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာသတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကိုပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here