မာန်အောင်မြို့နယ်၊ နဂါးရွာအနီးမှာ ရွံ့မီးတောင်ပေါက်ကွဲခဲ့တယ်လို့ ဧပြီလ ၆ ရက်၊ ဒီနေ့ မာန်အောင်ဒေသခံတဦးက သူရဲ့လူမှုကွန်ရက်ပေါ်ဖော်ပြထားပါတယ်။
ဘယ်နေ့ကပေါက်ကွဲခဲ့တယ်ဆိုတာကို ရက်အတိအကျမဖော်ပြထားပေမယ့် မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနော က် ရွံ့မီးတောင်ပေါက်ကွဲတာလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။
အဲဒီငလျင်ကြီးဟာ မန္တလေးမြို့အရှေ့ မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေ သကြီး၊မန္တလေးတိုင်းဒေသကြီးရှိ သ မိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေလည်း ပြိုကျပျက်စီးသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မန္တလေးတိုင်း၊စစ်ကိုင်း တိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်အရှေ့မြောက်ပိုင်းနဲ့နေပြည်တော်ကော င်စီနယ်မြေတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ မတ်လ ၂၈ ရက်နေ့က အရေးပေါ်အ ခြေအနေကြေညာထားပါတယ်။
အဲဒီမာန်အောင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားပြီးဖုန်လိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။