ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဒရုန်းဗုံးကြဲတိုက်ခိုက်လို့ သုံးဦးသေဆုံး

ဓာတ်ပုံ – APM

By

ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာကို ဧပြီလ ၂၅ ရက်၊ ဒီနေ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသုံးဦး သေဆုံးသွားခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတ ယ်။

အဲဒီကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာက ဦးမောင်ထွန်းအေးရဲ့သမီးတွေဖြစ်ကြတဲ့ အသက်လေးဆယ်ခုနှစ်နှစ်အရွယ်မသိန်းသိန်းအေး၊ အသက်သုံးဆယ်ကိုးနှစ်အရွယ်မချောစုနဲ့မြေးဖြစ်သူအသက်တဆယ့်တနှစ်အရွယ်မမေသဇင်ခိုင်ဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်၊ရေနံတောင်ရွာကို ဧပြီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခို က်ခဲ့လို့ အရပ်သားတဦးသေဆုံးပြီးတ ဦး ဒဏ်ရာရသွားတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတ ပ်တော်နဲ့စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာမှုတွေ ဖြစ်နေကြပြီး စစ်ကောင်စီတပ်က ဒေသခံအရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ နေ့စဥ်ရက် ဆက်ပြုလုပ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆော င်နေပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်း မာနေကြပါတယ်။

အဲဒီအထဲက ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ကအသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စစ်သင်္ဘောကြီးတွေ၊ တိုက်လေယာဥ်တွေ အသုံးပြုပြီး ဒေသခံအရပ်သားပြည်သူတွေ အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here