ကျောက်ဖြူမှာ ထွက်ပြေးရဟန်းဝတ်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ဖမ်းမိ

(ဓာတ်ပုံ – ကျောက်ဖြူမြို့တွင်းတနေရာ / BNA)

By

Border News Agency
ကျောက်ဖြူ၊ မေ ၂။

ကျောက်ဖြူမြို့မှာ ထွက်ပြေးပြီး ရဟ န်းဝတ်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူမြို့၊ သိတရာတရားရိပ်သာမှ ဧပြီလ ၂၅ ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်ဖြူမြို့ခံတွေကအတည်ပြုပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်မှူးပြုံးကို၊ဗိုလ်ကြီးတဦး၊တပ်ကြပ်ကြီးတဦးဟာ ရှေ့တန်းမှထွက်ပြေးပြီး တရားရိပ် သာမှာရဟန်းဝတ်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အဲဒီလိုနေထိုင်နေကြတာကို စစ်ကောင် စီတပ်ရဲ့ရဲတပ်ဖွဲ့ဝင်တွေကို မြင်တွေ့သွားကြပြီး တရားရိပ်သာသို့သွားရော က်ကာဓာတ်ပုံတွေနဲ့စစ်ဆေးတည်ပြုဖမ်းဆီးသွားတာလို့ ဆိုကြပါတယ်။

“သူတို့က မလကျွန်း၊လိပ်ခမော်ဖက်မှာရှေ့တန်းထွက်နေတာကမြို့ထဲကိုပြန်ဝင်လာကြတာပါ။ ကျောက်တလုံးဂိတ်ကရဲတွေကို သတိထားမိသွားကြတာပါ။ နောက်နေ့ တရားရိပ်သာကို သွားရှာဖမ်းခေါ်သွားကြတာပါ။ လူဝတ်ဝတ်ခိုင်းပြီး။” လို့ ကျောက်ဖြူမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ကုတ်မြို့အခြေစိုက်၊ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှတာဝန်ကျနေကြသူတွေဖြစ်ပြီး တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ ကျောက်ဖြူမြို့သို့တပ်ဆုတ်ထွက်ပြေးလာကြသူတွေလို့ဆိုကြပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူမြို့ရှိစစ်ကောင်စီတပ်ရင်းမှာတွဲဖက်တာဝန်ထမ်းဆောင်နေကြသူတွေဖြစ်ပြီး စစ်မတိုက်ချင်ကြတော့တာမို့ ထွက်ပြေးရဟ န်းဝတ်နေကြတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့စစ်ကောင်စီတပ်ကြား နှစ်ဘ က်ထိတွေ့တိုက်ပွဲတွေဖြစ်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူတွေများနေကြတယ်လို့ ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်သာကျန်နေပြီး ကျောက်ဖြူနဲ့စစ်တွေမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here