အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဘိလပ်မြေစျေးနှစ်သိန်းကျော်ထိစျေးတက်

By

Border News Agency
ကျောက်တော်၊ မေ ၃။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဘိလပ်မြေစျေးဟာ တအိတ်ကိုကျပ်နှစ်သိန်းကျော်ထိ စျေးတက်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ရာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံစတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ဧပြီလက ဘိလပ်မြေတအိတ်ကို တသိန်းကျပ်ခန့်သာရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် မေလဆန်းကစတင်ပြီး ဘိလပ်မြေတအိတ်ကို နှစ်သိန်းသုံးသောင်းကျပ်ထိ စျေးတက်သွားတယ်လို့ ဒေ သခံတွေက ဆိုကြပါတယ်။

“နယ်စပ်လမ်းကြောင်းပိတ်သွားလို့ ဖြစ်တာ။ အရင်လို သွင်းလို့မရတော့ဘူး။ခက်ခက်ခဲခဲ သွင်းရတယ်။၀ယ်ဈေးတော င် တစ်သိန်းခွဲလောက်ရှိတယ်။” လို့ ဘိ လပ်မြေရောင်းတဲ့ကုန်သည်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာရောင်းချနေကြတဲ့ဘိလပ်မြေအများစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအဓိကတင်သွင်းနေကြတာဖြစ်ပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ဧပြီလ ၁၃ ရက်နေ့ကစတင်ရပ်တန့်နေတာဖြစ်ပြီး ဘိလပ်မြေအပါအဝင်ကုန်ပစ္စည်းတွေ တရားဝင်ဝင်ရောက်မှုမရှိတော့တာမို့ စျေးတက်နေကြတာဖြစ်တယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။

“ဘိလပ်မြေကလုံးဝမဝင်တော့ဘူး။အရင်ကဝင်ထားတာတွေလည်းကုန်သ လောက်ဖြစ်သွားပြီ။ဒါကြောင့်စျေးတ က်သွားတာ။ အခွန်ကြောင့်လည်းပါတာပေါ့။” လို့ မောင်တောမြို့မှကုန်သည်တဦး Border News Agency ကို ပြောပါတယ်။

အဲဒီဘိလပ်မြေတအိတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးတာကာငွေလေးရာမှငါးရာထိသာကျပေမယ့်မောင်တောသို့ပို့မယ့်တက္ကနာဖ်ဆိပ်ကမ်းမှာအခွန်တိုးကောက်သလို မောင်တောဖက်မှာလည်း အခွန်တိုးကောက်တာမို့ စျေးတက်သွားရတာလို့ ကုန်သ ည်တွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေတွေက ပုံစံမျိုးစံနဲ့ကုန်စည်တွေဝင်ရောက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်ဆိပ်ကမ်းမှဝင်ရောက်လာတာဟာ အမြန်ဆုံးနဲ့အဆင်အပြေဆုံးကုန်သွယ် ရေးလမ်းကြောင်းဖြစ်တယ်လို့ အာရက္ခကုန်သည်တွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိ မ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here