စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးသေပြီး ခုနှစ်ဦးဒဏ်ရာရ

By

Border News Agency
ရသေ့တောင်၊ မေ ၁၃။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကို မေလ ၁၃ ရက်၊ ဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားဆယ်ဦးသေဆုံးပြီး နှစ်ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီသေဆုံးသူဆယ်ဦးထဲမှာ အ သက်နှစ်နှစ်အရွယ်မိန်းကလေးငယ်တဦးပါဝင်ပါတယ်။

အဲဒီအပြင်ဒဏ်ရာရသူနှစ်ဆယ်ထဲမှာအမျိုးသမီးငယ်လေးဦးပါဝင်သလိုအသက်ဆယ့်ရှစ်အောက်အမျိုးသားငယ်သုံးဦး စုစုပေါင်းခုနှစ်ဦးပါဝင်ပါတယ်။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို ရွယ်ရည်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်တာမို့ အရပ်သားပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးဒဏ်ရာရကြတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် နေအိမ်အများအပြားပျက်စီးသွားခဲ့တယ်လို့ ရွာသွားတွေက ဆိုကြပါတယ်။

အဲဒီသေဆုံး၊ ဒဏ်ရာရကလေးသူငယ်စာရင်းကို ဖော်ပြလိုက်ပါတယ်။

နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ဖေါ်ပြပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here