အာရက္ခ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို အိန္ဒိယက ယာယီပိတ်

(ဓာတ်ပုံ – အာရက္ခ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်း / ကျော်မင်းခိုင်)

By

Border News Agency
ကျောက်တော်၊ မေ ၂၀။

အာရက္ခ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးကို အိန္ဒိယနိုင်ငံဘက်မှ မေလ ၁၆ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားပါတယ်။

အဲဒီနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ယာယီပိတ်တာကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကောင်စီမြေအခွန်ဦးစီးဌာနက ထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒါကြောင့် မေလ ၁၆ ရက်နေ့ကစတင်ပြီး နောက်ထပ်အမိန့်စာမထုတ်မချင်း လောင်တရိုင်ခရိုင်ကိုဖြတ်ကာ ပလက်ဝလမ်းကြောင်းသို့ ကုန်ပစ္စည်းသယ်ယူခွင့်ကို တားမြစ်ကန့်သတ်လိုက်တာဖြစ်ပါတယ်။

အဲဒီနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝဒေသမှတဆင့်ကုန်သွယ်နေကြတာဖြစ်ပါတယ်။

အဲဒီအာရက္ခ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှအခြေခံစားသောက်ကုန်တွေ၊ လူသုံးကုန်တွေ၊ ဆေးဝါးတွေအပါအဝင် ကုန်ပစ္စည်းတွေကို ကုန်သွယ်ပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဖြန့်ဝေရောင်းချနေကြတာဖြစ်ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်ဟာ အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကိုရပ်တန့်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ် ဆို့ထားပါတယ်။

အဲဒါကြောင့် အာရက္ခဒေသနယ်စပ်တွေကတဆင့်ကုန်သွယ်မှုတွေကို နှစ်နိုင်ငံနားလည်မှုတွေနဲ့ကုန်သွယ်ရေးပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အာရက္ခ-အိန္ဒိယကုန်သွယ် ရေးကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အခြေစိုက်၊ဗဟိုလိုင်လူငယ်အစ ည်းအရုံး(CYLA)က ကန့်ကွက်တားဆီးတာတွေ မကြာခဏပြုလုပ်ခဲ့ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ အာရက္ခ-အိန္ဒိယနယ်စဝပ်တခုလုံးနဲ့ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

အဲဒီမြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး နယ် စပ်ကုန်သွယ်ရေးတွေကိုလည်း ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here