Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၂၀။
အာရက္ခဒေသက စစ်ဘေးရှောင်က လေးငယ်တွေ ပညာသင်ကြားဖို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေကြောင့် ကလေးတွေကို ပညာသင်ကြားဖို့အခက်အခဲတွေ အများကြီးရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ပညာသင်ကြားဖို့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ကျနော်တို့က ကလေးတွေကို ဒီနှစ်ပညာသင်နိုင်ဖို့ အခြေအနေမရှိပါဘူး။ စားဝတ်နေရေးထက် ပညာရေးကို ဦးစားမပေးနိုင်တော့ဘူး။ ပညာရေးကိုတော့ လိုချင်ပါတယ်။ကူညီပေးမယ့်သူမရှိရင် ကျွန်တော်တို့စခန်းက က လေးတွေ ပညာသင်နိုင်ဖို့အခြေအနေလုံးဝမရှိပါဘူး။” လို့ ပုဏ္ဏားကျွန်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတာဝန်ခံတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေမရတော့တာမို့ စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီလိုအခက်အခဲတွေကြောင့်စစ်ဘေးရှောင်တွေဟာ ထမင်းနပ်မှန်အောင် မိသားစုစားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းနေရတာမို့ ကလေးတွေကို ပညာ သင်ကြားဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ကျောင်းသားတယောက်ရဲ့ကျောင်းသုံးပစ္စည်းဝယ်ယူရတဲ့စာရိတ်က မိသားစုတစု တပတ်လောက်ထမင်းစားနိုင်တဲ့အတိုင်းအတာထိရှိနေတယ်။ ဒါတောင်မှကျောင်းစရိတ်တွေမပါသေးဘူး။ ပညာရေးထက် ဝမ်းရေးကပိုအရေးကြီးနေတော့ ကလေးတွေကို ကျောင်းမထားနိုင်သေးဘူး။” လို့ စစ်ဘေးရှော င်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ ကျောင်းတွေစတင်ဖွင့်လာတာကြောင့် ကျောင်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာလည်း အဆ မတန်မြင့်တက်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
ကျောင်းသုံးပုံနှိပ်စာအုပ်တွေဟာ အတ န်းလိုက် ကျပ်ငါးသောင်းမှ ကျပ်တသိန်းကျော်ထိ ဈေးမြင့်တက်နေသလို ဗလာစာအုပ်တဒါဇင်ဈေးဟာလည်း အနိမ့်ဆုံးကျပ်နှစ်သောင်းကျော်မှ ကျပ်ငါးသောင်းကျော်ထိ ရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“အလုပ်အကိုင်တွေကလည်း ရှားလို့ တရက်စာတောင်မနည်းရုန်းကန်နေရတာ။ကလေးတွေကို ပညာသင်ထားလည်း ငွေကုန်တာပဲရှိမယ်။အရင်ကလို အတန်းတက်ရတာလည်းမရှိဘူး။တော်ရုံ ရေးဖတ်တတ်ရင်ရပါပြီ” လို့ ပုဏ္ဏားကျွန်းမြိုနယ်မှာ စစ်ဘေးရှောင်နေတဲ့ကျောင်းသားမိဘတဦးက Border News Agecy ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ ပညာ သင်ကြားရမယ့် စစ်ဘေးရှောင်ကလေးတ ရာကျော်ထိရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ ကလေးငယ်တွေဟာ ပညာသင်ကြားရမယ့်အရွယ်မှာ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးအတွက် မိဘတွေနဲ့အတူ ရုန်းကန်အလုပ်လုပ်ကိုင်နေကြရတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီကလေးငယ်တွေဟာ ပြီးခဲ့တဲ့စစ်ပွဲစတင်ချိန်ကစပြီးအခက်အခဲတွေကြောင့် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေခဲ့ကြတာလို့လည်း စစ်ဘေးရှောင်တွေက
ဆိုကြပါတယ်။
စစ်ဘေးရှောင်စခန်းတွေမှာ လာရောက်ခိုလှုံကြတဲ့ စစ်ဘေးရှောင်တွေထဲမှာ ဆ ယ်တန်းအောင်ပြီးသူတွေလည်းရှိနေတယ်လို့ ဆိုကြပါတယ်။
သူတို့တွေကို စစ်ဘေးရှောင်တွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောက်လုပ်ပေးတဲ့ စာသင်ကျောင်းတွေမှာ စေတ နာ့ဝန်ထမ်းတွေအဖြစ် လစဥ်ငွေကြေးအထောက်အပံ့တွေပေးပြီး အရင်နှစ်က ပညာသင်ကြားစေခဲ့ပေမယ့် ဒီနှစ်မှာတော့ အခက်အခဲတွေကြောင့် ငွေကြေးအထောက်အပံ့တွေမပေးနိုင်တော့မို့ ကလေးတွေလည်း ပညာမသင်ကြားနိုင်တော့ဘူးလို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
“အရင်နှစ်ကဆို စစ်ဘေးရှောင်ခါစဆိုတော့ ရှိတဲ့ပစ္စည်းတွေလည်းရှိတယ်။ ဒီလောက်မခက်ခဲဘူး။စစ်ဘေးရှောင်လာတာကြာလာလေ ပါတဲ့ဟာတွေလည်းကုန်ပြီ။ကလေးတွေက ပညာသင်ချင်ကြပေမယ့် ကိုယ်တိုင်က မတတ်နိုင်ဘူး ။သူတို့အတွက် ကူညီထောက်ပံ့တာတွေ ရချင်ပါတယ်။” လို့ စစ်ဘေးရှောင် ကျောင်းသားမိဘတဦးက Border News Agency ကို ပြောပါတယ်။
အရင်နှစ်က ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းအားလုံးမှ က လေးတွေကို ပညာသင်ကြားနိုင်ဖို့ လင်း ရောင်ခြည်ဖောင်ဒေးရှင်းက ကူညီထော က်ပံ့မူတွေရှိခဲ့တာမို့ ကလေးတွေ အခ က်အခဲမရှိ ပညာသင်ကြားနိုင်ခဲ့တယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်ကလေးတထောင်ခန့်ဟာ ပညာသင်ကြားဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်က အာရက္ခဒေသမှာရှိတဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်တာတွေ မကြာ ခဏပြုလုပ်နေတာကြောင့် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေမှာ ကလေးငယ်တွေ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြတယ်လို့လည်း စစ်ဘေးရှောင်တွေနဲ့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။