အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မွတ်ဆလင်တွေ ခရီးသွားလာခွင့်ရ

(ဓာတ်ပုံ – ကျောက်တော်မြို့နယ်က မွတ်ဆလင်တချို့ / BNA)

By

Border News Agency
ကျောက်တော်၊ မေ ၃၁။

အာရက္ခတပ်တော်(AA)ထိန်းချုပ်မှုနယ်မြေတွေမှာ မွတ်ဆလင်တွေ ခရီးသွားလာခွင့်တွေ ရရှိနေကြပြီလို့ မွတ်ဆလင်အသိုင်းတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်ကို အပြန်အလှန်သွားလာခွင့်ရနေကြပြီလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

“အေအေထိန်းချုပ်ထားတဲ့ နယ်မြေမှာ ကျွန်တော်တို့ မွတ်ဆလင်တွေ ရခိုင်တွေနဲ့တန်းတူအခွင့်အရေးတွေရပါတယ်။ သွားချင်တဲ့နေရာကို သွားလာလို့ရတယ်။ အရင်ကမရခဲ့တဲ့ မြို့နယ်ကျော်ပြီး ခရီးသွားလာခွင့်လည်းရတယ်။ လူပေါင်းစုံဘယ်လို နေထိုင်သွားလာကြလဲ။ အဲဒီလို သွားလာနေထိုင်ခွင့်တွေရပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်အမျိုးသားတဦးဖြစ်က Border News Agency ကို ပြောပါတယ်။

အဲဒီမွတ်ဆလင်တွေဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီက ထောက်ခံစာယူကြရပြီး အဲဒီထောက်ခံစာတွေနဲ့ခရီး သွားခါနေကြပြီလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

အဲဒါကြောင့်မြို့နယ်ကျော်ခရီးသွားလာပြီး ကူးသန်းရောင်းဝယ်တာတွေ ပြုလုပ်နေကြပြီလို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

ဒါပေမယ့်တခြားလူမျိုးတွေနဲ့အတူတူစစ်ဆေးရေးဂိတ်တွေမှာသာ စစ်ဆေးခံကြရပြီး နိုင်ငံသားမှတ်ပုံတင်မရှိရင်လည်း အဆင်ပြေသွားလာလို့ရကြတယ်လို့ မွတ်ဆလင်တွေက ဆိုကြပါတယ်။

“တခြားမြို့နယ်ကိုသွားရင် စစ်ဆေးရေးဂိတ်တွေရှိရင် မှတ်ပုံတင်ပါလား မေးတယ်။ ကျွန်တော်တို့က ဒီနိုင်ငံသားမဟုတ်လို့ မှတ်ပုံတင်ကိုင်ဆောင်ခွင့်မရှိဘူး။ အဲဒါက သွားလာခွင့်မပေးတာမဟုတ်ဘူး။ ဥပဒေအရစစ်ဆေးတာ။ မှတ်ပုံတင်တွေစစ်ဆေးတဲ့နေရာတွေမှာ တပ်တော်ကခန့်အပ်ထားတဲ့ ရွာကအုပ်ချုပ်ရေးမှူးထောက်ခံစာပါရင် စစ်ဆေးရေးဂိတ်တွေမှာလည်း ဖြတ်သန်းသွားလာလို့ရတယ်။” လို့ ကျောက်တော်မြို့နယ်မှမွတ်ဆလင်အမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မွတ်ဆလင်တွေကို အလုပ်လုပ်ခွင့်တွေ၊ ခရီးသွားလာခွင့်တွေအပါအဝင် နိုင်ငံသားအခွင့်အရေးပေးထားတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်အပါအဝင် အာရက္ခဒေသက တဆယ့်လေးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခပြည်သူ့တော်လှန်ရေးရဲ့အုပ်ချုပ်ရေးယန္တရားတွေမှာ မွတ်ဆလင်တွေကိုလည်း ခန့်ထားနေရာပေးထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ မွတ်ဆလင်ရေးရာကော်မတီလည်း ဖွဲ့စည်းဆောင်ရွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here