Border News Agency
အမ်း၊ ဇွန် ၆ ။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့အမ်းမြို့နယ်မှာ ဇွန် ၃ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦး ခြေထောက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအမ်းမြို့နယ်၊ ဆူးပုတ်ပျဉ်းတောကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ကိုစိုင်းထက်အောင်မှာ မြေမြုပ်မို င်းနင်းမိလို့ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
သူဟာ ဇွန် ၃ ရက်၊ နေ့လည် ၁ နာရီအ ချိန်ခန့်က ပူလောင်တောင်မှာ ဝါးခုတ်သွားရင်း စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ ခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအပြင်သံတွဲမြို့နယ်၊မော်ရုံကျေးရွာမှာလည်း မေ ၃၁ ရက်နေ့က မြေမြုပ်မိုင်းနင်းမိလို့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုနိုင်လင်းထွန်းမှာ ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေဟာ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုမကြာခဏကြုံတွေ့နေကြရသလို မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါ အဝင် အရပ်သားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေနေကြရသလို ဘေးကင်းလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေမြုပ်မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း စိုးရိမ်နေကြရတာမို့ အာရက္ခတပ်တော်အ ပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီမိုင်းရှင်းပေးကြစေချင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာမြေမြုပ်မိုင်းနင်းမိသူတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခကြောင့် မသန်စွမ်းဖြစ်သွားကြသူတွေအတွက်အထောက်အကူပြုပစ္စည်းတွေအပါအဝင် အကူအညီတွေလိုအပ်နေကြတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။