Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၂၂။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ကျန်းမာရေးဝန်ဆောင်မှုကုန် ကျစာရိတ်တွေ များပြားနေတာမို့ အာရက္ခပြည်သူတွေအခက်အခဲတွေကြုံနေကြရပါတယ်။
အာရက္ခပြည်သူတွေဟာ ကျန်းမာရေးမကောင်းလို့ ဆေးခန်းသွားပြကြရင်အ နည်းဆုံးကျပ်တသိန်းခန့်ထိကုန်ကျနေကြပြီး အလုပ်အကိုင်တွေရှားပါးဝင်ငွေမရှိကြတာမို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ခရီးစာရိတ်တွေလည်းများပြားနေတာမို့ ဆေးကုသစာရိတ်တွေပါပေါင်းရင် ငွေကုန်ကြေးကျပိုများနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ဆေးခန်းတခါသွားပြရင် သိန်းဂဏန်းအထက်ကုန်ကျမှုရှိတယ်။ဒါတောင်မှ အနာရောဂါကြီးတွေ ကုသဖို့ပြရတာမဟုတ်သေးဘူး။ ဖျားလို့ဆေးခန်းပြရင် ငှက်ဖျားနဲ့ရာသီတုပ်ကွေးရှိမရှိ စစ်တ ယ်။ဆေးထိုးသင့်ရင်ထိုး။ သောက်ဆေးမနက်ညသုံးရက်စာပေးတာနဲ့လမ်းခရီးစာရိတ်တွေပါထည့်ပေါင်းရင် ငွေရှင်းတဲ့အခါ သိန်းဂဏန်းအထက်ပေးရတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းဒေသနေ အာရက္ခပြည်သူတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ ငှက်ဖျားရောဂါ၊ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များနေကြလို့ ဆေးရုံး၊ဆေးခန်းတွေ သွားပြကြချိ န်မှာ ကုန်ကျစာရိတ်တွေများနေတာလို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကောင်စီတပ်မှလမ်းပန်းဆ က်သွယ်ရေးအပါအဝင် ဆေးဝါးသယ်ယူခွင့်တွေကိုလည်း တားဆီးပိတ်ဆို့ထားပါတယ်။
အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကတဆင့်နားလည်မှုတွေနဲ့ဆေးဝါးတွေတင်သွင်းနေကြရတာမို့ ဆေးဝါးဆေးနှုန်းတွေ များနေတာလို့ ဆေးအရောင်းဆိုင်တွေက ဆိုကြပါတယ်။
အဲဒီဆေးဝါးတင်သွင်းဖြန့်ဝေရောင်းချနေတာတွေဟာ အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရရဲ့ခွင့်ပြုချက်နဲ့သာပြု လုပ်ကြရသလို အခွန်ဆောင်နေကြရပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရအဖွဲ့ဝင်တချို့လည်းပြုနေကြပေမယ့်ဆေးဝါးဈေးနှုန်းတွေမြင့်တက်နေတာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မထိန်းချုပ်နိုင်သေးဘူးလို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ကျေးရွာတွေက ဆေးဆိုင်တွေမှာ နေမကောင်းဖျားနာမှုတွေအတွ က် သောက်ဆေးတခါဝယ်ရင် အနည်းဆုံးငါးထောင်ကျပ်ထိကုန်ကျနေကြတ ယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
“ဆေးခန်းသွားမပြချင်လို့ ရွာကသော က်ဆေး သုံးလေးကြိမ်စာဝယ်သောက်ရင်တောင် ငါးသောင်းနီးပါးကုန်ပြီ။ ဆေးတလုံးထိုးရင် တသောင်းကုန်ပြီ။အဖက်ဖက်ကခက်ခဲနေပါတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် အာရက္ခဒေသက ဆေးရုံ၊ဆေးခန်းတွေကို စစ်ကောင်စီတပ်မှပစ် မှတ်လေကြောင်းတိုက်ခိုက်မှုတွေပြု လုပ်နေတာမို့ ဆေးရုံး၊ ဆေးခန်းတွေကိုပိတ်ထားရပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူ့ကျ န်းမာရေးဌာနကိုလည်းဖွဲ့စည်းဆောင်ရွ က်နေပါတယ်။
အဲဒီဌာနက အာရက္ခပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေကြပေမယ့် ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ဆေးဝါး၊ စက်ကရိယာတွေမလုံလောက်သေးဘူးလို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အရေးပေါ်ဆေးကုသဖို့လိုအပ်တဲ့ လူနာတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ဆေးကုသနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
Comments 1
slefxl