နောင်ချိုမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံး

(ဓာတ်ပုံ – တအောင်းတပ်မတော်)

By

Border News Agency
နောင်ချို၊ ဇူလိုင် ၁။

နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ တအောင်းတပ်မတော်က ဇူလိုင်လ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ သုံးဆယ်ကျေးရွာကို လေကြောင်းကနေ ဗုံးဆယ့်တလုံးထိကြဲချခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဗုံးပေါက်ကွဲလို့ အရပ်သားသုံးဦးသေဆုံးသွားပြီးတဦးဒဏ်ရာရသွားသလို နေအိမ်နှစ်လုံးအပါအဝင် ဘုန်းကြီးကျောင်းနှစ်ကျောင်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပေါင်နှစ်ရာ့ငါးဆယ်ဗုံးခြောက်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားလေးဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

အဲဒီအ​​ပြင်နေအိမ်ဆယ့်လေးလုံး စာ သင်ကျောင်း တကျောင်း၊ဘုန်းကြီး ကျောင်းနှစ်ကျောင်းလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တွေကို ရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here