Border News Agency
ပုသိမ်၊ ဇူလိုင် ၁။
ဧရာဝတီတိုင်းမှာ မေလ ၁၅ ရက်နေ့မှဇွန်လ ၃၀ ရက်နေ့အတွင်းအရပ်သားကိုးဦးသေဆုံးပြီး နှစ်ဆယ်ဒဏ်ရာရခဲ့တယ်လို့ ဧရာဝတီ ပြည်သူ့ကာကွယ် ရေးတပ်မတော်နဲ့ ပြည်သူ့လွတ်မြော က်ရေးတပ်ဖွဲ့ (PLF) မှ ဇူလိုင်လ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တွေကို စစ်ကောင် စီတပ်လေကြောင်းတိုက်ခိုက်မှုတွေ၊လ က်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေ ဆုံးဒဏ်ရာရရှိခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်၊ လဲခုံကြီးကျေးရွာကအသက်ခုနှစ်ဆယ်အရွယ် ဒေါ်ဇီးကွက်၊အသက်ငါးဆယ်အရွယ်ဒေါ်ချိုမာဦး၊ အသက်လေးဆယ့်ငါးနှစ်အရွယ်ဒေါ်ခင်စန်းဝင်း၊ အသက်ဆယ်နှစ်အရွယ်မောင်အောင်ရဲသူသေဆုံးခဲ့ပါတယ်။
နောက်ပြီးတုံးတောကျေးရွာကအသက်ရှစ်ဆယ်ငါးနှစ်အရွယ်ဦးချစ်၊စောပြာကျေးရွာကအသက်ငါးဆယ့်ကိုးနှစ်အ ရွယ်ဒေါ်မြင့်မြင့်သန်း၊စေတလုံးတောင်စေတီအောက်ခြေကျေးရွာကအသက်
နှစ်ဆယ့်ခုနှစ်နှစ်အရွယ်မောင်ကျော်ဇင်ထက်သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်ရှမ်းကွင်းကျေးရွာကအသ က်နှစ်ဆယ့်တစ်နှစ်အရွယ်မောင်ဖြိုးကြီး၊ ရေကြည်မြို့နယ်၊ဂွေးပင်တောက်ကျေးရွာကအသက်တဆယ့်ခုနှစ်နှစ်အ ရွယ်မောင်ချစ်ကိုကိုသေဆုံးခဲ့ပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်လဲခုံကြီး၊ ဝါးတောကွင်း၊ တုံးတော၊ စေတလုံးတောင် စေတီအောက်ခြေ၊ ထုံးဘို၊ ချင်းလယ်နဲ့ ရေကြည်မြို့နယ်၊ ဂွေးပင်တောက်ကျေးရွာကအသက်ကိုးနှစ်မှအသက်ခုနှစ်ဆ ယ်ငါးနှစ်အရွယ်ထိအမျိုးသားကိုးဦး၊ အမျိုးသမီးတဆယ့်တဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။
အဲဒီအပြင် နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က တိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက်ပြု လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီရေကြည်မြို့နယ်အခြေစိုက်အမှ တ် ၃၄၄ အမြောက်တပ်စခန်း၊ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်ရှိစစ်ကောင်စီတပ်စခန်းတွေက လူနေကျေးရွာတွေကို လေယာဥ်၊ ဒရုန်း၊ စက်တပ်လေထီး(Paramotor)၊ လက်နက်ကြီး တွေ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။
ဧရာဝတီ၊ပဲခူး၊မကွေးစတဲ့ဒေသတွေမှာ အာရက္ခတပ်တော်ဟာ တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းပြီး နယ်မြေသိမ်း တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။