Border News Agency
တအာင်းပြည်၊ ဇူလိုင် ၂။
တအာင်းထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ဇွန်လအတွင်း အရပ်သားငါးဦးသေဆုံးပြီး သုံးဆယ်နှစ်ဦးဒဏ်ရာရသွားတယ်လို့တအာင်းတပ်မတော်က ဇူလိုင်လ၂ ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီနောင်ချို၊နမ္မတူ၊ကျောက်မဲ၊မိုးကု တ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီတ ပ်လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီး၊ဒရုန်း ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားတွေသေဆုံး၊ဒဏ်ရာရကြတာဖြစ်ပါတယ်။
အဲဒီအပြင် နေအိမ်ခုနှစ်ဆယ့်ငါးလုံး၊ စာသင်ကျောင်းလေးကျောင်း၊ ဘုန်းကြီးကျောင်း လေးကျောင်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့၊ ဈေးရပ်ကွက်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်လို့ အမျိုးသားလေးဦးဒဏ်ရာရသွားပြီး နေအိမ်နှစ်လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒိီအပြင်နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို ဇွန်လ ၁၀ရက်နေ့ကလည်းစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို ဇွန်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲတိုက်ခိုက်လို့ဘု န်းကြီးကျောင်းတကျောင်းနဲ့ စာသင် ကျောင်းတကျောင်းအပါအဝင် နေအိမ်အများအပြားပျက်စီးသွားတယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်၊ဆမ္မဆယ်ကျေးရွာကို ဇွန်လ ၁၆ ရက်နေ့ကလည်းစစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နောင်ချိုမြို့ကိုလေကြောင်းတိုက်ခိုက်လို့ နေအိမ်နှစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့နဲ့ ၂၉ ရက်နေ့က စစ်ကောင် စီတပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦး၊ အမျိုးသမီးလေးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အမျိုးသားဆယ့်သုံးဦး၊ ကလေးသုံးဦးနဲ့ အမျိုးသမီးခုနှစ်ဦး ဒဏ် ရာရသွားသလို နေအိမ်ခြောက််ဆယ့်ငါးလုံး၊ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့စာသင်ကျောင်းသုံးကျောင်းပျက်စီးသွားတယ်လို့ဆိုပါတယ်။
မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်ကို ဇွန်လ ၂၅ ရက်နေ့ကလည်းစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တဦးနဲ့အမျိုးသားတဦး ဒဏ်ရာရသွားပြီး ဘုန်းကြီးကျောင်းတကျောင်း၊နေအိမ်အများအပြားပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချို၊မိုးကုတ်၊ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေကိုပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုနှစ်ဆယ့်ခြောက်ကြိမ်၊လက်နက်ကြီးတရာ့ခုနှစ််ဆယ်ခြောက်လုံး၊၊ ဒရုန်းဗုံးသုံးရာနှစ်ဆယ့်နှစ်လုံး၊အဆိပ်ငွေ့ဗုံးတရာ့တဆယ့်လေးလုံးထိတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားရှစ်ဦးသေဆုံးပြီးဆယ့်ရှစ်ဦး ဒဏ် ရာရသွားသလို နေအိမ်အများအပြားပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။