Border News Agency
နောင်ချို၊ ဇူလိုင် ၂ ။
နောင်ချိုမြို့နယ်၊ အုမ္မခါး၊ မျက်ချီးနု၊ လုံစံ၊ ကျောက်တောကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော်ကြား တိုက်ပွဲဆက်ဖြစ်တယ်လို့ တအာင်းတပ်မတော်က ဇူလိုင်လ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအုမ္မခါးကျေးရွာကို ဇူလိုင်လ ၁ ရ က်၊မနေ့က စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နောင်လင်ကျေးရွာကို လက်နက်ကြီးသုံးဆယ်ငါးလုံး၊ ဒရုန်းဗုံးနှစ်ဆယ့်သုံးလုံး၊နားမုံနဲ့ ရွှေပြည်ညွှန့်ကျေးရွာကို လက်နက်ကြီးလေးလုံး၊ကျောက်ကြမ်းကျေးရွာကို လက်နက်ကြီးနှစ်လုံး၊ကသဲမျှောင်ကျေးရွာကို လက်နက်ကြီး နှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်သုံးဆယ်ကျေးရွာလေကြောင်းတိုက်ခိုက်လို့ အမျိုးသားသုံးဦးသေ ဆုံးပြီးတဦးဒဏ်ရာရှိသွားပြီး နေအိမ်နှစ်လုံး၊ ဘုန်းကြီးကျောင်းနှစ်ဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအုမ္မခါး၊လုံစံ၊ကသဲမျှောင်၊နောင်လင်ကျေးရွာတွေကို လက်နက်ကြီးလေးဆယ်ခြောက်လုံး၊ဒရုန်းဗုံးရှစ်လုံးထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြ ည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။