Border News Agency
မောင်တော၊ ဇူလိုင် ၂။
မောင်တောမြို့နယ်မှာ ဇူလိုင်လ ၁ရက်၊ မနေ့က အမျိုးသမီးနှစ်ဦးရေနစ်သေဆုံးသွားပါတယ်။
မောင်တောမြို့နယ်၊ အောင်သုခကျေး ရွာမှအသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်မယုချေ၊အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်မအေးအေးသန်းဖြစ်ပါတယ်။
သူမတို့နှစ်ဦးဟာ ဇူလိုင်လ ၁ရက်၊မနေ့က နံနက် ၁၀ နာရီကျော်အချိန်မှာ သဝင်ချောင်းကိုဖြတ်ကူးကြချိန် ရေစီးသန်လို့ ရေနစ်သေဆုံးသွားကြတာဖြစ်ပါတယ်။
သူမတို့ဟာ အိမ်ရှင်ယောကျ်ားတွေကိုထမင်းသွားပို့ဖို့ ချောင်းကိုဖြတ်ကူးကြတာဖြစ်ပြီး မိုးများကြီးရေစီးသန်နေတာမို့ နစ်မြုပ်သေဆုံးသွားကြတာလို့ ဒေ သခံတွေက ဆိုကြပါတယ်။
“မိုးကတအားကြီးတာလေ။ ချောင်းတွေ မြောင်းတွေလည်း ရေပေါက်ရေပြည့်နေတာ။ ရေစီးကလည်းသန်တော့ ရေးမကူးတတ်ဘူးထင်တယ်။ရေနစ်သေဆုံးသွားပါတယ်။”လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။
သူမတို့နှစ်ဦးဟာ ထမင်းပို့ရောက်မလာလို့ ချောင်းအတိုင်းလိုက်ရှာတဲ့အခါမှသာ အလောင်းတွေကို ချောင်းထဲမှာတွေ့ခဲ့တာလို့လည်း ဆိုကြပါတယ်။
သူမတို့မိသားစုတွေဟာ ငါးဖမ်း၊ ဟင်းရှာပြီး အသက်မွေးဝမ်းကျောင်းပြုနေကြသူတွေလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီးမြောင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း အသက်နှစ်ဆယ့်လေးနှစ်အရွယ်ကိုအောင်အောင်မိုးဟာ ငါးဖမ်းသွားရှာချိန်ရေနစ်သေဆုံးသွားခဲ့ပါတယ်။
အာရက္ခဒေသမှာ မြစ်၊ချောင်း၊ အင်း အိုင်တွေပေါများသလို မိုးရာသီမှာ ရေစီးရေသန်တာမို့ မြစ်ချောင်း၊ အင်းအိုင်းတွေကို ဖြတ်ကူးသွားရရင် သတိထားကြဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။