Border News Agency
စစ်ကိုင်း၊ ဇူလိုင် ၅။
စစ်ကောင်စီသစ်တောပိုင် ဆင်အကောင်သုံးရာကျော်ကို ထိန်းသိမ်းထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ဇူလိုင်လ ၄ ရက်နေ့ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားတဲ့ ၁၂ မြို့နယ်မှာ ဆင်ကောင်ရေ သုံးရာကျော်ထိန်းသိမ်းထားတာလို့ဆိုပါတယ်။
အဲဒီဆင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဌာနရဲ့ လစဉ်ရုံးအသုံးစာရိတ်မှ ထောက်ပံ့နေသလို နိုင်ငံတကာရောက် ဆင်ချစ်သူတွေကလည်းကူညီပေးနေတာလို့ဆိုပါတယ်။
အဲဒီအပြင် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းမှတဆင့် ထောက်ပံ့ကူညီပေးနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးဒေါက်တာတူးခေါင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။
အဲဒီထဲက တချို့ဆင်တွေဟာ မြေမြုပ်မိုင်းကြောင့်ခြေပြတ်လက်ပြတ်ဖြစ်နေတဲ့ ဆင်တွေလည်းရှိနေတယ်လို့ ဒေါက်တာတူးခေါင်ကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သစ်တောဦးစီးဌာနကဆင်တွေဟာ ထိန်းသိမ်းစောင့်ရှောက်မယ့်သူမရှိတဲ့အပြင် အစာရေစာငတ်မွတ်မှုတွေလည်းရှိနေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာလည်း ဆင်တွေကို စနစ်တကျထိန်းသိမ်းစောင့်ရှောင့်ဖို့လိုအပ်နေတယ်လို့ ဇီဝမျိုးစုံထိန်းသိမ်းစောင့်ရှောက်ရေးဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။