Border News Agency
နေပြည်တော်၊ဇူလိုင် ၅။
မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ် ရေး(PDF)တပ်ဖွဲ့တွေအပါအဝင် လက် နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ မကြာခင် ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ အပြည့်အဝ ပူးပေါင်းပါဝင်ကြဖို့ စစ်ကောင်စီက ဇူလိုင်လ ၅ ရက် ဒီနေ့ထုတ်ပြန်ဖိတ်ခေါ်လိုက်ပါတယ်။
လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းဖို့ကြိုးပမ်းမှုတွေဟာ နှစ်ပေါင်း ၇၀ကျော် ကြာလာခဲ့ပေမယ့်ဘယ် ရလဒ်မှမထွက်တဲ့အပြင် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျခဲ့တာကို သင်ခန်းစာယူပြီးရွေးကောက်ပွဲလ မ်းကြောင်းမှာ ပူးပေါင်းပါဝင်ပြီး မျှော် မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ အထွေထွေရွေးကော က်ပွဲကို ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ကျင်းပသွားမယ်လို့ တ ရားဝင်ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲလို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲကနေ ပေါ် ပေါက်လာတဲ့ ဥပဒေပြုရေး၊အုပ်ချုပ်ရေး မ ဏ္ဍိုင်တွေ အခိုင်အမာတည်ရှိနေတာကြောင့် ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင်အတုအယော င်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်သလိုပြည်သူ့အချုပ်အချာအာဏာကို မတ ရားရယူရန်ကြိုးစားတာလို့ ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်တာကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်နဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ လက် တွေ့ဖြစ်လာနိုင်ခြေနည်းတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
“ဒီဖိတ်ခေါ်ချက်မှာ အပိုင်းနှစ်ပိုင်းနဲ့ခွဲပြောမှ ပြည့်စုံလိမ့်မယ်လို့ မြင်တယ်ဗျ။ ပထမတစ်ပိုင်းကတော့ ပြည်မလို့ခေါ်တဲ့ ဗမာပြည်ဖက်က ဗမာလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီကိုအတိုက်အခံ လုပ်နေတဲ့ အုပ်စုတွေလို့ ပြောရမယ်ပေါ့၊ ဒီအုပ်စုတွေရဲ့ ခံယူချက်နဲ့ သူတို့ရဲ့ အမြင် အပိုင်းတစ်ပိုင်း ရှိမယ်။နောက်တပိုင်းကကျရင် သူတို့က တိုင်းရင်းသားတွေလို့ ခေါ်ဆိုထားတဲ့ အပိုင်းဖြစ်မယ်။တိုင်းရင်းသားတွေဆိုတဲ့အပိုင်းထဲမှာတော့ ရခိုင်တို့၊ ကချင်တို့၊ ချင်းတို့၊ ကရင်တို့ ပါမှာပေါ့နော်။ကျွန်တော်ကတော့ ရခိုင်တစ်ယောက်အနေနဲ့ အမြင်ကိုပြောရလို့ရှိရင် ဒီဖိတ်ခေါ်ချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ မြင်တယ်ဗျ။ လက်ခံဖို့လည်း တော်တော်ခက်ခဲတယ်။” လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူ ဝေ ဟင်အောင်ကပြောပါတယ်။
စစ်ကောင်စီကတော့ PDF တွေအပါအ ဝင် လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ဥ ပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး လက်တွဲမယ်ဆိုရင် ကြိုဆိုလက်ခံသွားမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ PDF အဖွဲ့တွေ၊လက်န က်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ငြိမ်း ချမ်းရေးဆွေးဖို့ သတင်းစာတွေတဆင့် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပေမယ့်လက် တွေ့ ဖြစ်မလာသေးပါဘူး။
အာရက္ခတပ်တော်(AA)ပါဝင်တဲ့ မြော က်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ထုတ်ပြန် ပြောဆိုထားပေမယ့် စစ်ကောင်စီတုံ့ပြ န်မှုတွေ မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီက အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ် တပ်ကအာဏာသိမ်းထားသလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ လက်နက်ကိုင်ခုခံတော်လှန်မှု တွေပေါ်ပေါက်နေသလို ဇူလိုင်လ ၄ ရက်နေ့ထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူ ၆၈၆၃ ဦးထိ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။