Border News Agency
မောင်တော၊ဩဂုတ် ၅။
မောင်တောမြို့နယ်က မြိုလူမျိုးတွေဟာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့်တောင်ယာကို မသွားနိုင်ကြတော့တဲ့အ တွက် စားဝတ်နေရေးအခက်အခဲဖြစ်နေကြတာမို့ အကူအညီတွေ လိုအပ်နေကြတယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒီမြိုလူမျိူးတွေဟာ တော၊ တောင်တွေကို မှီခိုအသက်မွေးဝမ်းကျောင်းပြုနေကြသူတွေဖြစ်တာမို့ မိုင်းအန္တရာယ်ကြောင့် တောတောင်တွေကို မသွားရဲကြဘူးလို့လည်း ဆိုကြပါတယ်။
“ကျွန်မတို့တောထဲ၊တောင်ထဲကရှာတာ မျှစ်ပါ။မျှစ်အများရတဲ့နေ့ဆိုရင်တော့တနေ့တာဝမ်းရေးအတွက်ဖုံလုံပါတယ် ။အနည်းဆုံးမျှစ်တသိုက်ကိုမှမြန်မာကျပ်ငွေထောင်ငါးရာပဲရပါတယ်။အလွန် ဆုံးက မြန်မာကျပ်ငွေနှစ်ထောင်ပါ။တ ချို့လူတွေကျတော့လည်း မြောင်ခရုတွေကိုရှာယူပြီ ရောင်းပါတယ်။ မြောင်ခရုတသိုက်ကိုမြန်မာကျပ်ငွေသုံးထော င်ပဲရပါတယ်။ တချို့နေ့တွေဆိုမြန်မာကျပ်ငွေနှစ်ထောင်ပဲရတယ်။” လို့ မောင်တောမြို့နယ်၊သီဟိုအေးကျေးရွာမှမြိုအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် တောတောင်တွေမှာ အာဆာရန်၊မိုင်းအန္တရာယ်တွေရှိနေတာကြောင့် အာရက္ခတပ်တော်ကလည်း တောတော င်တွေကို မသွားကြဖို့ အသိပေးထားတ ယ်လို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
“တောင်ထဲသို့ အာရက္ခတပ်တော်ကမဝင်နဲ့လို့၊လာပြီရွာသားတွေကိုသတိလာပေးတာတွေရှိပါတယ်။ဘာလိုလဲဆိုတော့ အာဆာရှင်းလင်းဖို့ရှိတယ်လိုပြောပါတယ်။အခုဆိုရင်ဟင်းရှာမသွားရတာ၊တောတောင်ထဲသို့မဝင်ရတာတပတ်လောက်ရှိပါပြီ။” လို့ မောင်တောမြို့နယ်မှ မြို့လူမျိုးတဦးက ပြောပါတယ်။
အဲဒီအပြင် အနီးအနားရှိ တောတောင်တွေမှာ စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာတွေဖြစ်တာမို့ အာရက္ခတပ်ကမိုင်းမရှင်းလင်းရသေးတဲ့နေရာတွေရှိသေး တာကြောင့် တောတောင်တွေကိုမသွားဖို့ အသိပေးထားတာလို့ မြိုလူမျိုးတွေက ဆိုကြပါတယ်။
အဲဒါကြောင့် တောတောင်ကိုမှီခိုပြီးစားဝတ်နေရေးဖြေရှင်းနေရသူတွေမှာ အခ က်အခဲတွေ အများကြီးရှိနေကြတယ်လို့ ဆိုကြပါတယ်။
“လက်ရှိဒီရွာမှာအခက်အခဲကစားဖို့သောက်ဖို့ပါပဲ။ဟိုတလောကအေအေတောတောင်တွေကိုမဝင်ရပါဘူး။မသွားရဘူးဆိုပြီ သတိပေးထားတာကြောင့် ခုဆိုရင်တပတ်လောက်ရှိပါပြီ။တောတောင်ထဲမသွားရတော့အဆင်မပြေပါဘူး။အနီးအနားက ရှာလို့ရတဲ့မျှစ်ကကိုယ်တွေစားဖို့လောက်ပဲရပါတယ်။ရောင်းလို့ရတဲ့အထိကုန်ပစ္စည်းကမရတော့ ကျမတို့မှာအဆင်မပြေပါဘူး။” လို့ မောင်တောမြို့နယ်၊သီဟိုအေးကျေးရွာမှ မြိုအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
မောင်တောမြို့နယ်က မြိုလူမျိုးအများစုဟာ ကြုံရာကျပန်းလုပ်ကိုင်သူတွေများသလို တောတောင်တွေကဟင်ရှာရောင်းစားသောက်နေကြရသူတွေမို့ တောတောင်တွေကို မသွားကြရလို့ စား
ဝတ်နေရေးအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
“လက်ရှိအိမ်တိုင်းနီးပါးကစားဝတ်နေရေး အခက်အခဲတွေကြောင့်အဆင်မပြေမှုတွေရှိပါတယ်။တချို့မိသားစုတွေမှာမိဘ၊ဆွေးမျိုး အားကိုးစရာသိပ်မရှိတဲ့အပြင်ချွေမနဲ့နေရတဲ့သူတွေကျတော့မြို့ပေါ်တက်ပြီအလှူခံစားနေကြရတဲ့လူတွေလည်းရှိတယ်။” လို့ မောင်တောမြို့နယ်မှ မြိုအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမြိုလူမျိုးတွေဟာ အာရက္ခဒေသက တောတောင်တွေ၊ဝေလံခေါင်းပါးနေရာတွေ၊လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့နေရာတွေမှာသာ ဘိုးဘွားဘိုဘင်အဆ က်ဆက်နေထိုင်လာခဲ့ကြတာဖြစ်ပါတ ယ်။
အဲဒါတွေကြောင့် ပညာရေး၊ကျန်းမာ ရေး၊လမ်းပန်းဆက်သွယ်ရေးအပါအဝင် အရာအားလုံးနိမ့်ချနေခဲ့ကြပြီး ပဋိပက္ခဒဏ်တွေကို အများဆုံးကြုံတွေ့ခံစားခဲ့ကြရတယ်လို့ ဆိုကြပါတယ်။