စစ်ဘေးရှောင်တွေ နိုင်ငံတကာအကူအညီတွေလိုအပ်နေ

(ဓာတ်ပုံ – အကူအညီတွေလိုအပ်နေတဲ့စစ်ဘေးရှောင်စခန်းတခု / HDCO)

By

အာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးခက်ခဲနေကြတာမို့နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ နိုင်ငံတကာအကူအညီတွေမရကြတာ လေးလခန့်ရှိနေပြီး စားဝတ်နေရေး၊ကျန်းမာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့် နေ့စဥ်စားဝတ်နေရေးအတွက် အခက်ခဲဆုံးအခြေအနေတွကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ရွာတွေပတ်ပြီး ဆန် အကူအညီတောင်းတယ်။ အလှူခံတယ်။ စုမိဆောင်းမိပါလာတာတွေ အားလုံးလည်းကုန်ပြီ။ ဖုန်းတွေပါ ရောင်းလိုက်ရပြီ။” လို့စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ကြီးတဖွဲကကူညီထောက်ပံ့ပေးခဲ့ပေမယ့် အကူအညီပေးရေးတွေရပ်တန့်နေခဲ့တာလေးလခန့်ရှိနေပြီလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ဘာလို့ မပေးလဲတော့ မသိ၊ မရတာ သုံးလကျော်ပြီ။စာရင်းကောက်သွားတယ်။ ပြန်လာမပေးဘူး။အရင်ကဆိုရင် အဲဒါလေးနဲ့ စားလို့ အဆင်ပြေသေးတယ်။
အခုငတ်နေပြီ။”
လို့ စစ်တွေမြို့နယ်မှစ စ်ဘေးရှောင်လာသူအမျိုးသမီးတဦးက Border News Agencyကို ပြောပါတယ်။

အာရက္ခဒေသက စစ်ဘေးရှောင်တွေဟာ အရင်တုန်းက တလကိုဆန်ရိက္ခာဖိုးကျပ်ငွေငါးသောင်းကျစီရခဲ့ကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတ ယ်။

ဒါပေမယ့် အကူအညီတွေမရတော့မို့ ရိ က္ခာပြတ်တောက်ကာဆန်ပြုတ်ကြိုသောက်၊မလောက်မငှစားရသူတွေရှိနေပြီး တောင်းရမ်းစားသောက်သူတွေပါ ပိုများလာတယ်လို့ စစ်ဘေးရှောင်အ ရေးကူညီဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

“တောင်းရမ်းစားနေရတဲ့သူတွေ အများကြီးပဲ ရှိလာတယ်။ရွာက ဝိုင်းကူဖို့ကလ ည်း အမြဲတမ်းမတတ်နိုင်ကြဘူးလေ။ ဒီကာလအားလုံးအခက်အခဲချည်းပဲကို။” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသက မြို့နယ်တိုင်းမှာ စစ်ဘေးရှောင်တွေရှိနေပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာလူဦးရေ ခြောက်သိန်းကျော်ထိ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ အိမ်တွေပျက်စီးသွားတာ၊ စစ်ကောင်စီတပ်ရဲ့လေကြောင်း၊ လက်နက်ကြီးအန္တရာယ်စိုးရိမ်ရတာ၊ နေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေကြတာမို့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here