အာရက္ဧ-ဧရာဝတီနယ်ခြားရှိ ပွိုင့် ၂၆၃ စခန်းကို အာရက္ခတပ်တော် (AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဇန်နဝါရီ လ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီအာရက္ခ-ဧရာဝတီနယ်ခြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၂၆၃ စခန်းကိုဇန်နဝါရီလ ၂၆ ရက်နေ့၊နေ့လယ် ၂ နာ ရီ ၂၈ မိီနစ်မှာအပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကောင်စီတပ်ရဲ့ ပွိုင့် ၃၆၉ဆစခန်းကိုလည်း ဇန်နဝါရီလ ၂၁ ရ က်၊ညနေ ၅ နာရီ ၅၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပွိုင့် ၂၆၃ စခန်းကို စစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေ ပစ်ကူပေးနေတာမို့ တိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။
အဲဒီအာက္ခ-ဧရာဝတီနယ်ခြားမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေခဲ့တာလို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအာရက္ခ-ဧရာဝတီနယ်ခြား၊ဂွမြို့နယ်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင် သုံးမြိုနယ်သာကျန်နေပြီး အဲဒီမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်က အရပ် သားပြည်သူနေရာတွေကို ရည်ရွယ်ချ က်ရှိရှိ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။