အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ လှုပ်ရှားနေ (ဓာတ်ပုံသတင်း)

By

Border News Agency
မောင်တော၊ ဧပြီ ၂၉။

အာရက္ခ-ဘင်္ဂလာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ စစ်သင်တန်းပေးတာတွေအပါအဝင် စစ်ရေးလှုပ်ရှား
မှုတွေ ပြုလုပ်နေကြပါတယ်။

အဲဒီအာကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေအဖွဲ့(RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော်(ARA) ထဲမှာ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ အဓိကလှုပ်ရှားနေကြတာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ နတ်မြစ်ထဲမှာလည်း သွားလာလှုပ်ရှားနေကြသလို တောင်ပြိုလက်ဝဲမှဗန္ဓုလထိ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ စစ်သင်တန်းတွေ၊စစ်စခန်း
တွေအခိုင်အမာတည်ဆောက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။

အဲဒီစစ်သင်တန်းတွေမှာ ဒရုန်းတွေ၊ RPG တွေ၊လက်နက်ကြီးပစ်ခတ်တာတွေထိ လေ့ကျင့်သင်ကြားအသုံးပြုနေကြပါတယ်။

အဲဒီအပြင်အာကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(အာဆာ) ဟာလည်း နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြသလို အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေလည်း ကျူးလွန်နေကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ အာရက္ခတပ်တော်ကိုလည်း ခြုံခိုတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေကြတာမို့ အာရက္ခ-ဘင်္ဂလာနယ် စပ်ကို အာရက္ခတပ်တော်က အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ၊ စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အင်အားထောင်ချီစုဆောင်းစစ်သင်တန်းပေးနေကြပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် သုံးမြို့နယ်ကိုတိုက်ခိုက်သိမ်းယူသွားကြဖို့ ကြံဆောင်နေကြတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Releated Post

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here