Border News Agency
မလေးရှား၊ ဇွန် ၂၁။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ မာဆိုင်းမှာ ဇွန်လ ၂၁ ရက်နေ့ မီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီမာဆိုင်းမြို့ ဆီသိုလှောင်ရုံတခုဟာ ဒီနေ့နေ့လည်ပိုင်းက မီးလောင်မှုဖြစ် ပွားခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့သလို လူတွေလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ မလေးရှားနိုင်ငံမီးသတ်ဦးစီဌာနက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီမီးလောင်မှုကို မလေးရှားနိုင်ငံမိီးသတ်ဌာနက မီးငြိမ်သတ်ရေးတွေဆက် နေတယ်လို့ ဆိုပါတယ်။
အဲဒီမလေးရှားနိုင်ငံ၊ မာဆိုင်းမြို့မှာ မြန် မာရွှေ့ပြောင်းအလုပ်သမားတွေနေပြီး ရခိုင်လူမျိုးတွေလည်း ပါဝင်ပါတယ်။




