Border News Agency
အမ်း၊ ဇူလိုင် ၄ ။
အမ်းမြို့ကို ဇူလိုင်လ ၄ ရက်၊ ဒီနေ့မနက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က လေကြောင်းတိုက် ခိုက်ခဲ့လို့ အမ်းမြို့၊ ပျဉ်းတောရပ်ကွက်ရှိ စာသင်ကျောင်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်နေအိမ်အများအပြားပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၀ ရက်နေ့က အာရက္ခတပ်တော်အပြီး သတ်သိမ်းပိုက်ခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်လေကြောင်းတိုက် ခိုက်မှုတွေမကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။