Border News Agency
ကရင်နီပြည်၊ ဇူလိုင် ၄။
ကရင်နီပြည်၊ ဖားဆောင်မြို့တိုက်ပွဲမှာ စစ်ကောင်စီတိုက်လေယာဥ်တစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ဇူလိုင်လ ၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
တိုက်လေယာဥ်လေးစီး လာရောက်ပစ်ချိန်မှာ ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်လို့ FTC-2000G အမျိုးအစားတစင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်လေယာဥ်ကို ဇူလိုင်လ ၃ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်က ဖားဆောင်းမြို့နယ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။