Border News Agency
မောင်တော၊ ဇူလိုင် ၅။
မောင်တောမြို့မှာ မိုးသည်းထန်စွာရွာ သွန်းနေတာမို့ ဇူလိုင်လ ၄ ရက်၊ မနေ့ကစတင်ပြီး ရပ်ကွက်တချို့ ရေကြီးနေပါတယ်။
အဲဒါကြောင့်လမ်းတချို့လည်း ရေနစ်နေပေမယ့် မြို့ခံပြည်သူတွေကတော့နှစ်တိုင်းဖြစ်နေတာလို့ ဆိုကြပါတယ်။
အဲဒီမောင်တောမြို့ပေါ်ရှိ ဗိုလ်မှူးရွာ၊ ရွာသစ်၊ မြို့ဦးရွာစတဲ့ရပ်ကွက်တွေမှာရေ ကြီးနေတာဖြစ်ပါတယ်။