Border News Agency
ဖားအံ၊ ဇူလိုင် ၅။
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှာ ၇၆ နှစ်မြောက်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ကို ကရင်လူငယ်အစည်းအရုံး(KYO) မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တယ်လို့ ဇူလိုင်လ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတပ်မတော်နေ့ကို ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး၊ ဖားအံခရိုင်မှ ပဒိုနော်ရှီးဝါး၊ ခရိုင်ပညာပေးရေးနဲ့ဖွဲ့စည်းတည်ဆောက်ရေးကော်မတီမှ သင်တန်းဆရာ၊ ဆရာမတွေ၊ ကရင်မျိုးသားအစည်းအရုံး(ဗဟို)မှ ဆရာမနော်အယ်ဖေါဝါးတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်တပ်ရင်း ၁၉ မှ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေနဲ့ရဲဘော်တွေ၊ ပိုင်ကျုံမြို့နယ်ဥက္ကဋ္ဌ ပဒိုစောဆာပုလဲ D1၊ ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ ဒုံရင်းမြို့နယ်မှ အတွင်းရေးမှူးအပါအဝင် ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ ဒေသခံပြည်သူလူထုစုစုပေါင်း လူဦးရေခြောက်ရာနီးပါးတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။