မွတ်ဆလင်အမျိုးသမီးတွေကို သင်တန်းတွေ ပြုလုပ်ပေးနေ
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ မွတ်ဆလင်အမျိုးသမီးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေ ပြုလုပ်ပေးနေပါတယ်။ အဲဒီမွတ်ဆလင်အမျိုးသမီးအခွင့်အရေးဆိုင်ရာကဏ္ဍတွေ၊မွတ်ဆလင်အ မျိုးသမီးစွမ်းရည်မြှင့်တင်ရေးကဏ္ဍတွေအပြင်အသိပညာပေးဟောပြောပို့မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလှုပ်ရှားမှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့လူမျိုးစုရေးရာကော်မတီပူးပေါင်း ပြုလုပ်ကြတာဖြစ်ပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာအာရက္ခဒေသက စုံလင်ကွဲပြားတဲ့အ မျိုးသမီးတွေပါဝင်ဆောင်ရွက်နေကြပေမယ့် မွတ်ဆလင်အမျိုးသမီးတွေရဲ့ပါဝင်မှုတွေနည်းနေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ယန္တရားတွေမှာ လူမျိုး၊ဘာသာမခွဲ ...