မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမပွဲတော်ကျင်းပ
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့အမွန်မြတ်ဆုံးဖြစ်တဲ့ရာမဘုရားပွဲတော်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီရာမဘုရားပွဲတော်ကို ဖေဖော်ဝါရီ လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိသုံးရက်တိတိကျင်းပပြုလုပ်ခဲ့ကြတယ်လို့ဟိန္ဒူ ဘာသာဝင်တွေကဆိုကြပါတယ်။ အဲဒီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာပွဲတော်တွေထဲက ဟိန္ဒူဘုရားခရစ်ရှနာမယ်တော်ကိုပူဇော်ပွဲဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင်တွေကဆိုကြပါတယ်။ အဲဒီဘာသာရေးပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ရပ်ရွာအေးချမ်းသာယာရေး၊ ...