အာရက္ခဒေသက စစ်ဘေးရှောင်တွေ ဆေးဝါးအကူအညီလိုအပ်နေ
အာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ "ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်" လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News ...